အမေရိက၌ ဟာရီကိန်းမီလ်တန် ပြန်အားကောင်းလာ၍အရေးပေါ်ရွှေ့ပြောင်းနေရ

0
28
Debris from Hurricane Helene lines a street in the Redington Beach section of St. Petersburg, Florida, on October 8, 2024, ahead of Hurricane Milton's expected landfall. - Milton regained power on October 8 to become a Category 5 storm with maximum sustained winds of 165 mph (270 kph) as it barrels towards west-central coast of Florida and is forecast to make landfall late October 9, according to the National Hurricane Center. (Photo by Bryan R. SMITH / AFP)

ဖလော်ရီဒါ၊အောက်တိုဘာ ၉

အမေရိက၌တိုက်ခတ်နေသည့် ဟာရီကိန်း မီလ်တန်သည် တနင်္လာနေ့ညက မုန်တိုင်းအဆင့်သတ်မှတ်ချက် ၄ သို့ကျဆင်းကာ ယာယီအားပျော့သွားပြီးနောက် အင်္ဂါနေ့မွန်းလွဲပိုင်းတွင် အဆင့် ၅ သို့ ပြန်လည်အားကောင်းလာခဲ့ကြောင်းသိရသည်။

အင်္ဂါနေ့မွန်းလွဲပိုင်းအထိ အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီလျှင် ၁၆၅ မိုင်ဖြင့် တိုက်ခတ်ခဲ့သော အဆိုပါဟာရီကိန်းသည် နှစ်ပေါင်း ၁၀၀ ကျော်အတွင်း အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်ကို ဝင်ရောက်တိုက်ခတ်သည့် မုန်တိုင်းများအနက်အဆိုးရွားဆုံး မုန်တိုင်းတစ်ခုလည်းဖြစ်လာခဲ့သည်။

ဟာရီကိန်း မီလ်တန်သည် တနင်္လာနေ့က တစ်နာရီလျှင် မိုင် ၂၀၀ နှုန်းဖြင့် အရှိန်ပြင်းပြင်းတိုက်ခတ်ခဲ့ပြီး အဆိုပါလေတိုက်နှုန်းကြောင့် မုန်တိုင်းအဆင့်သတ်မှတ်ချက်သည် မူလက ၅ ဆင့်သာရှိရာမှ အဆင့် ၆ အထိတိုးမြှင့်ရမည့်အနေအထားအထိဖြစ်ခဲ့သည်။

ဖလော်ရီဒါပြည်နယ် အနောက်ဘက်ကမ်းရိုးတန်းရှိ လူငါးသန်းကျော်ကို ဟာရီကိန်းမုန်တိုင်းကြောင့် မြေမပြိုမီ ဗုဒ္ဓဟူးနေ့ညနှင့်ကြာသပတေးနေ့အစောပိုင်းနောက်ဆုံးထားကာ ဘေးလွတ်ရာရွှေ့ပြောင်းရန် လည်း အာဏာပိုင်များကတိုက်တိုက်တွန်းထားသည်။

ဖလော်ရီဒါရှိ ခရိုင်ပေါင်း ၂၀ ကျော်ကို မဖြစ်မနေ ရွှေ့ပြောင်းရန် အမိန့်ထုတ်ပြန်ထားပြီး မရွှေ့ပြောင်းပါက အသက်အန္တရာယ်ရှိသည်ဟုလည်းဆိုထားသည်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်သည် ဟာရီကိန်း ဟယ်လင်၏ ရိုက်ခတ်မှုမှ ပြန်လည်ကောင်းမွန်လာခါစရှိသေးသည့် ဖလော်ရီဒါပြည်နယ်အတွက် အရေးပေါ်အခြေအနေ ကြေငြာချက်ကို တနင်္လာနေ့က ထပ်မံအတည်ပြုခဲ့သည်ဟုလည်းသိရသည်။

Source : ရှင်းဟွာ


LEAVE A REPLY

Please enter your comment!
Please enter your name here