မန္တလေးရှိ စည်ပင်ပိုင်ဈေးများတွင် ဓာတုဆိုးဆေးကင်းစင်စေရန် ရှောင်တခင်စစ်ဆေးမည်

0
29

မန္တလေးမြို့ရှိ စည်ပင်ပိုင်စျေးများတွင် ဆိုးဆေးပါဝင်သည့် အစားအစာများ ဖြန့်ဖြူးရောင်းချမှုမရှိစေရေးနှင့်ဓာတုဆိုးဆေးကင်းစင်စေရန် ရှောင်တခင်စစ်ဆေးသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စင်ပင်သာယာရေးကော်မတီ၊ ဈေးနှင့်သားသတ်ဌာနမှ သိရသည်။

မန္တလေးမြို့တွင် ယခုလက်ရှိ အစားအသောက်နှင့် ဆေးဝါးများကို ဖြန့်ဖြူးရောင်းချပေးနေသည့်ဈေးပေါင်း (၄၀) ကျော်ရှိပြီး ယင်းတွင် နန်းရှေ့ဈေး၊ ညောင်ပင်ဈေး၊ ယာယီမင်္ဂလာဈေးနှင့် တံခွန်တိုင်ဈေးတို့တွင် မျှစ်၊ ငါးပိ၊ ငါး ခြောက်၊ ငရုပ်စသည့် အစားအသောက်များကို ယခုလအတွင်း စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ စစ်ဆေးစဉ် ခွင့်မပြုဓာတုဆေးများ သုံးစွဲထားသည်ကို စစ်ဆေးတွေ့ရှိပါက ပစ္စည်းကို သိမ်းဆည်းပြီး ဖျက်ဆီးလျက်ရှိကြောင်း သိရသည်။

ထို့ပြင်ဈေးချိုတော်ကိုလည်း ခွင့်မပြု ဓာတုဆိုးဆေးကင်းစင်သည့် ဈေးဖြစ်ပေါ်လာစေရန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (မန္တလေးဌာနခွဲ)နှင့် မန္တ လေးမြို့တော် စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်းကာ ၂၀၁၆ ခုနှစ်မှ စတင်ကာ စီမံချက်အကောင်အထည် ဖော်ခဲ့ပြီး ၂၀၁၈ ခုနှစ် ဇူလိုင်လ (၂၅) ရက်တွင် ခွင့်မပြုဓာတုဆိုးဆေးကင်းစင်သည့် ဈေးအဖြစ်ကြေညာနိုင်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here