မိုးလွန်ကာလ အခါလွန်မိုးရွာနိုင်ဟု မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင် သတိပေး

0
36

ယခုရက်ပိုင်းအတွင်း ထူးခြားမိုးလေဝသဖြစ်စဉ်ကြောင့် မိုးလွန်ကာလမိုး(အခါလွန်မိုး) ရွာနိုင်ကြောင်း မိုးလေဝသလေ့လာခန့်မှန်းသူ ဦးဝင်းနိုင်က အသိပေးထားသည်။

နောက်လာမည့် (၃) ရက်ခန့်(၇၂ နာရီ ဝန်းကျင်)၊ အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်း၊ အာရေဗျ ပင်လယ်ဘက်တွင် မုန်တိုင်းတစ်လုံး ဖြစ်ပေါ်နိုင်ပြီး အောက်တိုဘာလ (၁၅/၁၆) ရက်ဝန်းကျင် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် အနောက်တောင်ပိုင်း ပင်လယ်ပြင်၌လည်း လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်လာနိုင်ကြောင်း အသိပေးထားသည်။

အဆိုပါ ထူးခြားမိုးလေဝသဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံအပေါ် သက်ရောက်မှု မရှိသလောက်နည်းပါးနိုင်ပြီး မိုးလွန်ကာလမိုး(အခါလွန်မိုး) အနည်းငယ်ရွာသွန်းနိုင်သော်လည်း မိုးအများဆုံးရွာနိုင်မည့်ဒေသတွင်ပင် (၂၄) နာရီအတွင်း အများဆုံး (၁၃) မီလီမီတာခန့်(လက်မဝက်ခန့်)မှ (၂၀) မီလီမီတာ(ဝ.၈ လက်မခန့်)သာ ရွာနိုင်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်အထိ ရေပြန်မကျနိုင်သေးသည့် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကယားပြည်နယ်ဒေသအချို့မှာ မိုးအနည်းငယ်ထစ်ချုန်းရွာသွန်းနိုင်ပြီး မိုးရေချိန်များမည် မဟုတ်ကြောင်းလည်း ၎င်းကဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here