ပုသိမ်ကြီးမြို့နယ်တွင် ငွေကျပ် (၁၉၁၉)သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၉၅၉၅၀) ပြား ဖမ်းဆီးရမိ

0
35

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် ငွေကျပ် (၁၉၁၉) သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၉၅၉၅၀) ပြား ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ယမန်နေ့ အောက်တိုဘာ(၈)ရက်၊ နေ့လယ် (၁၂)နာရီခွဲအချိန် က ပုသိမ်ကြီးမြို့နယ်၊ မြောက်တံတိုင်းရှည် ကျေးရွာနေသူရမင်း(ခ)မင်းမင်း၏ နေအိမ်အား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့မှ သတင်းအရ သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ ရှာဖွေရာ သူရမင်း(ခ)မင်းမင်း အား မတွေ့ရှိရဘဲ မစုပုံချစ်၊ စံလင်းတို့နှင့်အတူ စိတ်ကြွရူးသွပ်ဆေးပြား (၉၅,၉၅၀) ပြား ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် (၁,၉၁၉) သိန်းနှင့် လက်ကိုင်ဖုန်း (၂) လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ စံလင်း(၂၇)နှစ်၊ မစုပုံချစ်နှင့် သူရမင်း(ခ)မင်းမင်းတို့အား အုန်းချောနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သတင်းထုတ်ပြန်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here