ကျွန်းစုမြို့နယ်၌ လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရောင်းချရန် တိုင်းအစိုးရအဖွဲ့နှင့် လုပ်ငန်းဆောင်ရွက်မည့် ကုမ္ပဏီတို့လက်မှတ်ထိုး

0
18

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်အတွင်း၌ လျှပ် စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရောင်းချရန် လုပ်ငန်းဆောင်ရွက်ခြင်းသဘောတူစာချုပ်အား တိုင်းအစိုးရအဖွဲ့နှင့် လုပ်ငန်းဆောင်ရွက်မည့် New Myanmar Renewable Energy Co.,Ltd တို့လက်မှတ်ရေးထိုးခဲ့ကြသည်။

သဘောတူစာချုပ်လက်မှတ်ရေးထိုးခြင်းအား ယနေ့ အောက်တိုဘာ ၉ ရက်နံနက် ၁၀ နာရီက တိုင်းအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်း ပရာ တိုင်းဝန်ကြီးချုပ်ဦးမြတ်ကိုတက်ရောက်ခဲ့သည်။

ကျွန်းစုမြို့နယ်သည် သီးခြားကျွန်းတစ်ခုဖြစ်၍ National Grid မရောက်ရှိနိုင်သဖြင့် တိုင်းအစိုးရ အဖွဲ့က ခိုင်မာသောလျှပ်စစ်ဓာတ်အားရရှိရန်ဆောင်ရွက်ခြင်းဖြစ်ပြီး New Myanmar Renewable Energy Co.,Ltd မှ အသေးစားရေ အားလျှပ်စစ်ဓာတ်အားပေးစက်အား ဆိုလာ၊ ဒီဇယ်ပေါင်းစပ်ကာ ဓာတ်အားခ တစ်ယူနစ်(၉၀၀) ကျပ်နှုန်းဖြင့် ထုတ်လုပ်ဖြန့်ဖြူးရေးကို ဆက်လက်ဆောင်ရွက်သွားရမည်ဟု တိုင်းဝန်ကြီးချုပ်ကပြောသည်။

ထို့ပြင် တိုးချဲ့မွေးမြူလာသော ရေငံပုဇွန်မွေးမြူရေးလုပ်ငန်းများတိုးတက်ကောင်းမွန်လာ၍ လျှပ်စစ်ဓာတ်အားလိုအပ်လာသည်ကိုရည်ရွယ်၍ ကျွန်းစုမြို့နယ်အား သီးခြားကိစ္စတစ်ရပ်အနေဖြင့်ဆောင်ရွက်ခြင်းဖြစ်ကာ ရေအားလျှပ်စစ် ဓာတ်အားကို နဝရတ်ရေအိုင်တစ်ဆင့် ပိုက်လုံးများဖြင့်သွယ်တန်းပြီး ဆောင်ရွက်ပေးထားသည်ဟုလည်း ပြောကြားခဲ့သည်။

ထို့နောက် တိုင်းအစိုးရအဖွဲ့တာဝန်ရှိသူများနှင့် New Myanmar Renewable Energy Co.,Ltd မှတာဝန်ရှိသူများက ကျွန်းစုမြို့နယ်၌ လျှပ်စစ် ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းဆောင်ရွက်ခြင်းဆိုင်ရာသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here