ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းငွေကျပ်ဘီလီယံ(၅၀)ကျော်ရှိပြီဟု နစက ဥက္ကဋ္ဌပြော

0
26

မုန်တိုင်းတိုက်ခတ်၍ မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေချောင်းရေများမြင့်တက်ကာ ရေကြီးရေလျှံမှုကြောင့် ရေဘေးသင့်ပြည်သူများ၏ ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ် ငန်းများအတွက် လှူဒါန်းငွေမှာ ကျပ်ဘီလီယံ (၅၀)ကျော်ရှိပြီဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန် ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

၎င်းမှ ယနေ့ အောက်တိုဘာ ၉ ရက်မွန်းလွဲပိုင်းက ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးတွင်ကျင်းပသည့် ရေ ဘေးဒဏ်သင့်ဒေသများအတွက် ကူညီကယ် ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင် ရွက်ရန် တတိယအကြိမ် အလှူငွေပေး အပ်ပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

သဘာဝဘေးအန္တရာယ်ကြုံတွေ့ခဲ့သည့်ဒေသများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်ပေးရမည်ဖြစ်ကာ နိုင်ငံတော်အစိုးရမှလည်း အင်တိုက်အားတိုက်ဆောင်ရွက်လျက်ရှိပြီး စေတနာရှင်/အလှူရှင်များမှလည်း တတ်နိုင်သရွေ့လှူဒါန်းခြင်းများ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်ဟု ပြောသည်။

” ကူညီကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ အင်တိုက်အားတိုက်အမြန်ဆုံးဆောင်ရွက်နိုင်ဖို့ အလှူငွေပေးအပ်ပွဲတွေပြုလုပ်ခဲ့ပါတယ်။ ပထမအကြိမ်မှာ အလှူငွေ (၃၂ ဘီလီယံကျော်)၊ ဒုတိယအကြိမ်မှာ အလှူငွေ (၁၀ ဘီလီယံကျော်)ကိုရရှိခဲ့ပြီးဖြစ်ပါတယ်။ အခက်အခဲတွေကြားကလှူဒါန်းခဲ့ကြတာတောင် ရရှိလာတဲ့အလှူငွေဟာ ထင်မှတ်မထားလောက်အောင်များပြားခဲ့ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် သဘာဝဘေးအန္တရာယ်ကျရောက်သည့် အခြေအနေများကြုံတွေ့ချိန်၌ လူတစ်ဦးချင်းနှင့် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်း အသီးသီးမှလည်း လှူဒါန်းမှုများရှိကာ ဒေသအ သီးသီးတွင်လည်း လူမှုရေးအသင်းအဖွဲ့များနှင့် လူပဂ္ဂိုလ်တစ်ဦးချင်းစီအလိုက် ၎င်းတို့အစီအ စဉ်ဖြင့် လိုက်လံကူညီလှူဒါန်းပေးနေခြင်းများရှိပြီး ၎င်းတို့လှူဒါန်းသည့် ပစ္စည်းအင်အား၊ ငွေအင်အားများမှာလည်း များပြားကြသည်ကိုတွေ့ရှိရ၍ ထိုသို့ ကူညီဆောင်ရွက်ပေးနေမှုများအ ပေါ်လည်း အသိအမှတ်ပြုကျေးဇူးတင်သည်ဟု ပြောသည်။

” ရေဘေးသင့်ခဲ့ရတဲ့ဒေသတွေရဲ့ ပြန်လည်ထူ ထောင်ရေးလုပ်ငန်းတွေဆောင်ရွက်ရာမှာ အလှူ ရှင်များအနေနဲ့ အခုလို တစ်ဖက်တစ်လမ်းကနေ ပါဝင်လှူဒါန်းပေးကြတာကြောင့် လုပ်ငန်းတွေပိုမိုမြန်ဆန်စွာနဲ့ ပြီးမြောက်နိုင်မှာဖြစ်ပါတယ်။ လက် ရှိအချိန်အထိ ရေဘေးသင့်ပြည်သူတွေအတွက် လှူဒါန်းငွေစုစုပေါင်းက ငွေကျပ်ဘီလီယံ(၅၀) ကျော်ရှိပါပြီ”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် နိုင်ငံတော်အနေဖြင့်လည်း နှစ်စဉ်ဖြစ်ပေါ် လာခဲ့သည့် သဘာဝဘေးအန္တရာယ်များနှင့်ပတ် သက်၍ လိုအပ်သည့်ပြန်လည်ထူထောင်ရေးလုပ် ငန်းများကိုဆောင်ရွက်ပေးလျက်ရှိသည်ဟု နစက ဥက္ကဋ္ဌကပြောကြားခဲ့သည်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးတွင်ကျင်းပခဲ့သည့် ရေဘေးဒဏ်သင့်ဒေသများအတွက် ကူညီကယ် ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် တတိယအကြိမ်အလှူငွေပေးအပ်ပွဲ၌ စေတနာရှင်/အလှူရှင်များက ပြန်လည်ထူ ထောင်ရေးပစ္စည်းများနှင့် အလှူငွေကျပ်(၁၁ ဒသမ ၉၇ ဘီလီယံ)ကျော်ကို လှူဒါန်းခဲ့ကြကြောင်း သိရသည်။

အဆိုပါ အလှူငွေများနှင့်ပြန်လည်ထူထောင်ရေးပစ္စည်းများအား နစက ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများကလက်ခံရယူ၍ မှတ်တမ်းတင်ဂုဏ်ပြုလွှာများပြန်လည်ပေးအပ်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here