တနင်္သာရီမြို့နယ်တွင် လူဦးရေနှင့် သန်းခေါင်စာရင်း အချက်အလက်များကောက်ယူမှုပြီးစီး

0
19

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ၊ တနင်္သာရီမြို့နယ်၌ သန်းခေါင်စာရင်းကော်မတီ၏ ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများကို အောက်တိုဘာ(၁) ရက်၊ နံနက်ပိုင်းမှ စတင် ကောက်ယူခဲ့ရာ အောက်တိုဘာ (၈)ရက် ညနေပိုင်းအချိန်တွင် စာရင်းကောက်ယူမှုပြီးစီးပြီဖြစ်ကြောင်း သိရသည်။

တနင်္သာရီမြို့နယ် နယ်နိမိတ်အတွင်း နေထိုင်သူများအား စာရင်းစစ်/ စာရင်းကောက်အဖွဲ့များခွဲ၍ သတ်မှတ်ထားသည့် စာရင်းကောက်ကွက်များအတွင်း လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်းများကို အိမ်တိုင်ရာရောက် ကွင်းဆင်းကောက်ယူခဲ့ကြကြောင်း သိရသည်။

ယင်းကဲ့သို့ သန်းခေါင်စာရင်းကောက်ယူရာတွင် အောက်တိုဘာ (၁)ရက်မှ (၈)ရက်)အထိ တနင်္သာရီမြို့ပေါ် ချောင်းကြီးရပ်ကွက်၊ ချောင်းငယ်ရပ်ကွက်၊ မောတောင်မြို့ပေါ်ရှိ မြို့မရပ်ကွက်၊ အမှတ် (၁) ရပ်ကွက်နှင့် အမှတ် (၂) ရပ်ကွက်၊ အမှတ် (၃၀၆) အမြှောက်တပ်ရင်း၊ အမှတ် (၅၅၆) ခြေမြန်တပ်ရင်း၊ အမှတ် (၅၅၇) ခြေမြန်တပ်ရင်း၊ အမှတ် (၅၅၈) ခြေမြ န်တပ်ရင်း၊ အမှတ်(၅၆၁) ခြေမြန်တပ်ရင်းတို့ရှိ ကောက်ကွက် (၂၆) ကွက်တို့၌ အိမ်ခြေ (၂၁၇၀) လုံး၊ အိမ်ထောင်စု (၂ ၃၁၇) စု၊ လူဦးရေ ကျား (၅၃၇၉) ဦး၊ မ (၅၃၁၅) ဦး၊ ပေါင်း (၁၀၆၉၄) ဦးအား ကောက်ယူပြီးစီးခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်းများကို တာဝန်ကျ စာရင်းစစ်/ စာရင်းကောက်များနှင့် အထောက်အကူပြုအဖွဲ့များက အိမ်တိုင်ရာ ရောက်ကွင်းဆင်း၍ စာရင်းကောက်ယူမှုကို မြို့နယ်သန်းခေါင် စာရင်းကော်မတီ ဥက္ကဋ္ဌ ဦးကျော်ခေါင်၊ အတွင်းရေးမှူး ဦးညွန့်ဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မင်းအောင်နှင့် ကော်မတီအဖွဲ့ဝင်များက လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တနင်္သာရီမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အ ကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းကို တနင်္သာရီမြို့ပေါ်မှ ရပ်ကွက် (၂) ကွက်နှင့် မောတောင်မြို၌ ရပ်ကွက် (၃) ကွက်၊ ပေါင်း (၅) ရပ်ကွက်အတွင်းရှိ ကောက်ကွက် (၂၆) ကွက်၌ စာရင်းစစ် (၃) ဦးနှင့် စာရင်းကောက် (၁၂) ဦး၊ ပေါင်း (၁၅) ဦးတို့က အောက်တိုဘာ(၁) ရက်မှ စတင်၍ ပြီးဆုံးသည်အထိ စာရင်းကောက်ယူပေးခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here