အင်ဒိုအနောက်ပိုင်း၌ မြေပြို၍ လေးဦး‌ေ-သဆုံး

0
24

ဂျကာတာ၊အောက်တိုဘာ ၉

အင်ဒိုနီးရှားနိုင်ငံအနောက်ပိုင်း အာချေးပြည်နယ်၌ မြေပြို၍ လူလေးဦး‌ေ-သဆုံးခဲ့ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များကပြောကြားခဲ့သည်။

‌ေ-သဆုံးသူများသည် တစ်မိသားစုတည်းမှ ဖြစ်ကြပြီး မြေပြိုချိန်၌ အိမ်မြုပ်သွားသဖြင့် ဇနီးမောင်နှံ နှစ်ဦးနှင့် ၎င်းတို့၏သားသမီးနှစ်ဦး စုစုပေါင်း လေးဦး‌ေ-သဆုံးခဲ့ကြခြင်းဖြစ်သည်။

ယခုမတော်တဆမှုသည် အာချေးအလယ်ပိုင်းရှိ တောင်ကုန်းတစ်ခုဖြစ်သည့် Celala ဒေသတွင် ည ၁၀ နာရီခန့်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ညအချိန်ဖြစ်သဖြင့် လူအများအနားယူနေချိန်လည်းဖြစ်သည်။

အာချေးဒေသ သဘာဝဘေးအန္တရာယ်လျော့ပါးရေးဌာန အကြီးအကဲ Teuku Nara Setia ကမူ အင်္ဂါနေ့ညနေပိုင်းတွင် ပြင်းထန်သောရာသီဥတုအ‌ခြေအနေကြောင့် ရွာနှစ်ရွာတွင် ရေကြီးမြေပြိုခဲ့ကြောင်း ဒေသတွင်းမီဒီယာကိုပြောကြားခဲ့သည်။

အဆိုပါဒေသရှိ ရွာသားများကို ဗုဒ္ဓဟူးနေ့နံနက်တွင် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း၎င်းကပြောကြားခဲ့ပြီး မြေပြိုမှုကြောင့် လမ်းများရှင်းလင်းရာတွင် အကြီးစားစက်ကိရိယာများကိုပါ အသုံးပြုခဲ့ရသည်ဟုသိရသည်။

Source : ရှင်းဟွာ


LEAVE A REPLY

Please enter your comment!
Please enter your name here