တရုတ်နှင့်ဂျပန် နိုင်ငံခြားရေးဝန်ကြီးများ ဖုန်းဖြင့်ဆွေးနွေးခဲ့ကြ

0
30
Chinese Foreign Minister Wang Yi speaks during "Summit of the Future" on the sidelines of the UN General Assembly at the United Nations Headquarters in New York, September 23, 2024. (Photo by TIMOTHY A. CLARY / AFP)

ပေကျင်း၊အောက်တိုဘာ ၉

တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိသည် အောက်တိုဘာလ ၉ ရက်နေ့က ဂျပန် နိုင်ငံခြားရေးဝန်ကြီး အသစ် တခဲရှိ အီဝယနှင့် ဖုန်းဖြင့်ဆွေးနွေးခဲ့ကြောင်းသိရသည်။

ထိုသို့ ဆွေးနွေးရာ၌ ဂျပန်အစိုးရအဖွဲ့သစ်အနေဖြင့် ဂျပန်နှင့်တရုတ် နှစ်နိုင်ငံအကြား အပြန်အလှန်အကျိုးရှိစေမည့် မဟာဗျူဟာမြောက်ဆက်ဆံရေးကို အပြည့်အဝ မြှင့်တင်လိုကြောင်းနှင့် အပြုသဘောဆောင်ပြီး တည်ငြိမ်သည့် နှစ်နိုင်ငံဆက်ဆံရေးကို တည်ဆောက်ရန် ကတိပြုပါကြောင်း အီဝယကပြောကြားခဲ့သည်။

နှစ်နိုင်ငံဆက်ဆံရေးကို အဆင်ပြေချောမွေ့စေမည့်အလားအလာများရှိပြီး ဂျပန်နှင့်တရုတ်ပြည်သူများအတွက် အကျိုးဖြစ်ထွန်းစေရန် ညှိနှိုင်းဆွေးနွေးမှုများဖြင့် မပြီးပြတ်သေးသော ပြဿနာများကိုဖြေရှင်းရန် အတွက် တရုတ်နှင့်ပူးပေါင်းမှုကို ထပ်မံ တိုးမြှင့်ရန်ဆန္ဒရှိသည်ဟုလည်း ပြောကြားခဲ့သည်။

ဂျပန်နှင့်တရုတ်တို့သည် လက်ရှိတွင် အာရှနှင့်ကမ္ဘာ၏ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးအတွက် အရေးပါသော တာဝန်များကို ထမ်းဆောင်လျက်ရှိပြီး ဂျပန်အစိုးရအသစ်သည် ပြင်းထန်သော နိုင်ငံတကာ အခြေအနေများကို ကြုံတွေ့နေရချိန်၌ သံတမန်ရေးရာ ဆွေးနွေးညှိနှိုင်းမှုများဖြင့်သာ ပူးပေါင်းဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်းလည်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိကလည်း ဂျပန်အစိုးရအသစ်၏ တရုတ်နှင့်ဆက်ဆံရေးကိုမြှင့်တင်လိုသည့်အကြောင်းအရာအတွက် ဝမ်းမြောက်ဂုဏ်ယူမိကြောင်း ပြန်လည်ပြောကြားခဲ့သည်။

တရုတ်နှင့်ဂျပန်အကြား ပူးပေါင်းဆောင်ရွက်မှုနှင့်ဆက်ဆံရေးမြှင့်တင်ခြင်းသည် နှစ်နိုင်ငံ ပြည်သူများ၏အကျိုးအတွက် အလွန်ကောင်းမွန်သည့်ကိစ္စရပ်တစ်ခုဖြစ်ပြီး အစိုးရသစ်လက်ထက်၌ နှစ်ဖက်အကျိုးရှိမည့် ပူးပေါင်းဆောင်ရွက်မှုများသည် အား‌ကောင်းလာတော့မည်ဟုလည်းပြန်လည်ပြောကြားခဲ့သည်။

Source : ရှင်းဟွာ


LEAVE A REPLY

Please enter your comment!
Please enter your name here