နေပြည်တော်(၃)လောင်းပြိုင် လူသ -တ်မှုမှ တရားခံများကို ‌ေ-သဒဏ်နှင့် ထောင်ဒဏ်များ ချမှတ်

0
64

နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၌ မိသားစု(၃)ဦးကို သ-တ်ကာ လက်ကိုင်ဖုန်းများနှင့် မော်တော်ယာဉ်တစ်စီး လုယက်ယူဆောင်သွားသူနှင့် ပါဝင်ပတ်သက်သူ တရားခံများကို တရားရုံးက ‌ေ-သဒဏ်နှင့် ထောင်ဒဏ်များ အသီးသီး ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် ဩဂုတ် (၁၀) ရက်က ဥတ္တရသီရိမြို့နယ်၊ ဇဝနသိဒ္ဓိရပ်ကွက်၊ မြတ်လေးလမ်းတွင် နေထိုင်သော မိသားစု (၃) ဦးမှာ နေအိမ်အတွင်း ဒဏ်ရာများဖြင့် သွေးအိုင်ထဲ လဲကျေ-သဆုံးနေပြီး ၎င်းတို့ ကိုင်ဆောင်သည့် လက်ကိုင်ဖုန်း (၃)လုံးနှင့် မော်တော်ယာဉ် (၁)စီး ပျောက်ဆုံးမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ လူသ-တ် ပစ္စည်းလုယက်မှုကို မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ စုံစမ်းဖော်ထုတ်ချက်များအရ တရားခံများဖြစ်သော ရဲထက်ကျော် (ခ) ကိုချစ်၊ ကျော်အေး (ခ) ပသိုင်း၊ ကျော်သူ၊ နန်းကိုသူ (ခ) နန်းမောင်နှင့် အသက်မပြည့်သေးသည့် တရားခံ ဖိုးလပြည့် (ခ) ဝင်းမင်းသူ (ခ) ဇော်ဇော်ကိုတို့ (၅) ဦးကို ဖမ်းဆီးရမိခဲ့ပြီးနောက် ရုံးတင်၍ တရားစွဲဆို စစ်ဆေးခဲ့ခြင်းဖြစ်သည်။

၎င်းတို့မှာ ဆိုင်ကယ်အသစ်ဝယ်ရန် ငွေကြေးလိုအပ်ချက်ကြောင့် သူငယ်ချင်း မိသားစုကို သ–တ်ဖြ–တ်ခဲ့ခြင်း ဖြစ်သည်ဟု ထွက်ဆိုခဲ့ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်စပ်လျဉ်း၍ ဘုရားကုန်းမြို့မ ရဲစခန်းမှ အမှုဖွင့်လှစ်စုံစမ်းစစ်ဆေးခဲ့ပြီး တရားခံ ရဲထက်ကျော် (ခ) ကိုချစ်၊ ကျော်အေး (ခ) ပသိုင်း၊ ကျော်သူနှင့် နန်းကိုသူ (ခ) နန်းမောင်တို့ (၄) ဦးအပေါ် ရာဇသတ်ကြီးပုဒ်မ ၃၀၂၊ ၃၉၄/ ၃၄၊ ၂၀၁၊ ၂၀၂/၁၀၉ တို့ဖြင့် ဥတ္တရခရိုင်တရားရုံးနှင့် ကလေ-းသူငယ်တရားခံ ဖိုးလပြည့် (ခ) ဝင်းမင်းသူ (ခ) ဇော်ဇော်အပေါ် ရာဇသတ်ကြီးပုဒ်မ ၃၀၂၊ ၃၉၄/၃၄ တို့ဖြင့် ဥတ္တ ရသီရိမြို့နယ် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ကြောင်း သိရသည်။

ယင်းအမှုများကို ဥတ္တရခရိုင်တရားရုံးက ရာဇဝတ်ကြီးမှု အမှတ် ၃၃/၂၀၂၄ ဖြင့်လည်းကောင်း၊ ဥတ္တရသီရိမြို့နယ်တရားရုံးက ကလေ-းသူငယ် ရာဇဝတ်ကြီးမှုအမှတ် ၅/၂၀၂၄ ဖြင့်လည်းကောင်း လက်ခံစစ်ဆေးခဲ့သည်။

၂၀၂၄ ခုနှစ် အောက်တိုဘာ(၈)ရက်တွင် တရားခံ ရဲထက်ကျော် (ခ) ကိုချစ်အပေါ် မိသားစုဝင် (၃)ဦးကို ကြိုတင်ကြံရွယ်ချက်ဖြင့် သ-တ်ဖြတ်ပြီး ‌ေ-သစေသည့်အတွက် ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁)(ခ) အရ ‌ေ-သဒဏ်နှင့် ရာဇသတ်ကြီးပုဒ်မ ၃၉၄ အရ ထောင်ဒဏ် (၂၀)နှစ် ချမှတ်ခဲ့သည်။

တရားခံ နန်းကိုသူ (ခ) နန်းမောင်အပေါ် ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁) (ခ)/၁၀၉ အရ ‌ေ-သဒဏ်နှင့် ရာဇသတ်ကြီးပုဒ်မ ၃၉၄/၁၀၉ အရ ထောင်ဒဏ်(၁၀)နှစ်၊ တရားခံ ကျော်အေး (ခ) ပသိုင်းအပေါ် ရာဇသတ်ကြီးပုဒ်မ ၂၀၁ အရ အလုပ်နှင့် ထောင်ဒဏ် (၇)နှစ်နှင့် ရာဇသတ်ကြီးပုဒ်မ ၂၀၂ အရ အလုပ်နှင့်ထောင်ဒဏ် (၆) လ၊ တရားခံ ကျော်သူအပေါ် ရာဇသတ်ကြီးပုဒ်မ ၂၀၂ အရ အလုပ်နှင့်ထောင်ဒဏ် (၆)လ အသီးသီးကျခံစေရန် ဥတ္တရခရိုင်တရားရုံးမှ အမိန်ချမှတ်ခဲ့သည်။

ကလေ-းသူငယ်တရားခံ ဖိုးလပြည့် (ခ) ဝင်းမင်းသူ (ခ) ဇော်ဇော်အပေါ် မိသားစုဝင်(၃)ဦးကို ‌ေ-သစေသည့်အတွက် ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (၁) (ခ) အရ ထောင်ဒဏ် (၇)နှစ်စီ ချမှတ်သော ပြစ်ဒဏ် (၃)ရပ်ကို တစ်ပြိုင်တည်း ကျခံစေရန်နှင့် ရာဇသတ်ကြီးပုဒ်မ ၃၉၄ အရ ထောင်ဒဏ် (၃)နှစ်ကို သီးခြားကျခံစေရန် ဥတ္တရသီရိမြို့နယ် တရားရုံးမှ အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here