အာဆီယံထိပ်သီးအစည်းအဝေး၌ တိကျသည့်အဖြေမရှာနိုင်ခဲ့

0
42
(L-R) Myanmar's Permanent Secretary of Foreign Affairs Aung Kyaw Moe, Philippines' President Ferdinand Marcos Jr, Singapore's Prime Minister Lawrence Wong, Thailand's Prime Minister Paetongtarn Shinawatra, Vietnam's Prime Minister Pham Minh Chinh, Laos' Prime Minister Sonexay Siphandone, Malaysia's Prime Minister Anwar Ibrahim, Brunei's Sultan Hassanal Bolkiah, Cambodia's Prime Minister Hun Mamet, Indonesia's Vice Prime Minister Ma'ruf Amin and East Timor's Prime Minister Kay Rala Xanana Gusmao pose on stage during the 44th Association of Southeast Asian Nations (ASEAN) Summit in Vientiane on October 9, 2024. (Photo by NHAC NGUYEN / AFP)

ဗီယန်ကျင်း၊အောက်တိုဘာ ၁၀

ဗီယန်ကျင်း၌ကျင်းပခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် မြန်မာနိုင်ငံအကျပ်အတည်းနှင့်ပတ်သက်၍ နှစ်ဖက်စလုံးအနေဖြင့် ‌ထိခိုက်ဆုံးရှုံးမှုများထပ်မံမဖြစ်ပွားစေရန် ရပ်တန့်သင့်ပြီဖြစ်ကြောင်း အာဆီယံအဖွဲ့ဝင်နိုင်ငံများကဖိအားပေးခဲ့သည်။

လက်နက်ဖြင့်ဖြေရှင်းနေမှုများကို ရပ်တန့်ကာ ဆွေးနွေးညှိနှိုင်းကြစေလိုကြောင်းကို တိုက်တွန်းပြောကြားခဲ့သည်ဟုသိရသည်။

ယခုနှစ် အာဆီယံထိပ်သီးအစည်းအဝေးသို့ နစကကိုယ်စားလှယ်တစ်ဦးတက်ရောက်ခဲ့ပြီး သုံးနှစ်တာကာလအတွင်း ပထမဆုံးအကြိမ်တက်ရောက်ခြင်းလည်းဖြစ်သည်။

နှစ်ဖက်တင်းမာမှုများကြောင့် ထိခိုက်‌ေ-သကြေခဲ့ရသည့် အရပ်သားပြည်သူများအတွက် အာဆီယံကအထူးစိုးရိမ်ပါကြောင်းနှင့် သက်ဆိုင်သူများအနေဖြင့် ဆွေးနွေးညှိနှိုင်းအဖြေရှာချိန်တန်ပြီဟုလည်း အာဆီယံအလှည့်ကျဥက္ကဌကပြောကြားခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ မြန်မာ့အရေးကိုဖြေရှင်းဖို့နည်းလမ်းရှာနေပါတယ်၊အာဆီယံဘုံသဘောတူညီချက်ငါးရပ်ကို ချမှတ်ခဲ့ပေမဲ့ ထင်သလောက်အောင်မြင်မှုမရရှိခဲ့ပါဘူး၊ဒါကြောင့် မဟာဗျူဟာအသစ်ရေးဆွဲဖို့ကြိုးစားနေပါတယ်” ဟု ဖိလစ်ပိုင်သမ္မတ မားကို့စ်ကပြောကြားခဲ့သည်။

သို့သော် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Nikorndej Balankura ကမူ မြန်မာ့အရေးနှင့်ပတ်သက်သည့် ငြိမ်းချမ်းရေးအစီအစဉ်ကို မည်သို့အကောင်အထည်ဖော်မည်ဟူသည့်အချက်ကို ထိပ်သီးဆွေးနွေးပွဲတွင် ထည့်သွင်းဆွေးနွေးမှုမျိုးမရှိကြောင်းပြောကြားခဲ့သည်။

Source : သည်ဂျကာတာပို့စ်


LEAVE A REPLY

Please enter your comment!
Please enter your name here