မြန်မာ့လက်ရွေးစင်အသင်းနှင့် သီရိလင်္ကာအသင်းတို့၏ ဖီဖာခြေစမ်းပွဲ ပထမအကျော့ ယနေ့ယှဉ်ပြိုင်ကစားမည်

0
37

ယနေ့ အောက်တိုဘာ(၁၀)ရက် ညနေ (၄)နာရီအချိန်၌ ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးအားကစားကွင်းတွင် မြန်မာ့လက်ရွေးစင်အသင်းနှင့် သီရိလင်္ကာအသင်းတို့၏ ဖီဖာနိုင်ငံတကာခြေစမ်းပွဲစဉ် ပထမအကျော့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

ယနေ့ ပွဲစဉ်အတွက် ကစားသမားစာရင်းတွင် ပြည်ပသို့သွားရောက်ကစားနေသော သန်းပိုင်နှင့် ဝင်းနိုင်ထွန်း အပါအဝင် ရန်ကုန်ယူနိုက်တက်နှင့် ဟံသာဝတီယူနိုက်တက်တွင် ကစားနေသော ရန်ကျော်ထွေး၊ ဟံသာဝတီယူနိုက်တက်တွင်ကစားနေသော အောင်မြတ်သူတို့ (၄)ဦးကို ရှေ့တန်းတိုက်စစ်မှူးများနေရာတွင် ရွေးချယ်ထားသည်။

ထို့နည်းတူ အလယ်တန်းကစားသမားများအနေဖြင့် ပြည်ပကလပ်များတွင် သွားရောက်ကစားနေသည့် လွင်မိုးအောင်၊ ကျော်မင်းဦး၊ ဟိန်းထက်အောင်၊ မောင်မောင်လွင်တို့(၄)ဦးအပါအဝင် ပြည်တွင်းကလပ်များတွင် ကစားနေသည့် ဝေလင်းအောင်၊ ဇော်ဝင်းသိန်း၊ ခိုင်ရဲဝင်း၊ လာဒင်မော်ယာ၊ ခွန်ကျော်ဇင်ဟိန်း၊ ဆော်လမန်နှင့် ရဲရင့်အောင်တို့ ပါဝင်သည်။

အလားတူ နောက်တန်းတွင် ပြည်ပသို့သွားရောက်ကစားနေသည့် စိုးမိုးကျော်နှင့် ပြည်တွင်းကလပ်များရှိ ဟိန်းဖြိုးဝင်း၊ အောင်ဝဏ္ဏစိုး၊ ဇော်ရဲထွန်း၊ ဇွဲခန့်မင်း၊ ကျော်ဖြိုးဝေ၊ သူရိန်စိုး၊ သက်ဟိန်းစိုးနှင့် နန္ဒကျော်တို့ကို ရွေးချယ်ထားသည်။

ဂိုးသမားများအဖြစ် ဆန်းဆက်နိုင်၊ ပြည့်ဖြိုးအောင်နှင့်ပြည်ဖြိုးသူတို့ကို ရွေးချယ်ထားရှိကြောင်း MFF ၏ အသိပေးချက်အရ သိရသည်။

မြန်မာ့လက်ရွေးစင်အသင်းနှင့် သီရိလင်္ကာအသင်းတို့၏ ခြေစမ်းပွဲ ဒုတိယအကျော့ပွဲစဉ်ကိုအောက်တိုဘာ (၁၃)ရက်တွင် ထပ်မံယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here