ကမ္ဘောဒီးယားနှင့်ထိုင်းအကြား ရပ်နားထားသည့် ဒေါ်လာ ၃၀၀ ဘီလျံတန် ဓါတ်ငွေ့လုပ်ငန်း ပြန်လည်အကောင်အထည်ဖော်မည်

0
30

ဘန်ကောက်၊အောက်တိုဘာ ၁၀

ပျူထိုင်းပါတီဦးဆောင်သည့်ညွန့်ပေါင်းအစိုးရသည် ၁၉၇၀ ပြည့်လွန်နှစ်များကတည်းက နှစ်နိုင်ငံအငြင်းပွားခဲ့ပြီး ရပ်နားထားရသည့် အမေရိကန်ဒေါ်လာ ၃၀၀ ဘီလျံတန် ကမ်းလွန်ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်းကို ပြန်လည်အကောင်အထည်ဖော်နိုင်ရန် ကမ္ဘောဒီးယားနှင့်ညှိနှိုင်းဆွေးနွေးမှုများ ပြန်လည်စတင်မည်ဟုသိရသည်။

ဝန်ကြီးချုပ်ဟောင်း ဆရီသာ သာဗီဆင်ရာထူးမှထုတ်ပယ်ခံရပြီးနောက် စက်တင်ဘာလက အာဏာရယူခဲ့သည့် ဝန်ကြီးချုပ်သစ်ပေတုံတန်ကမူ ယခုအစီအစဉ်သည် ၎င်းဦးဆောင်သည့်အစိုးရ၏ ရည်မှန်းချက် ၁၀ ခုအနက် တစ်ခုဖြစ်သည်ဟုလည်းပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနှင့်ထိုင်းတို့သည် သဘာဝဓါတ်ငွေ့ ကုဗပေ ၁၀ ထရီလျံနှင့် ရေနံစိမ်းစည် သန်းပေါင်း ၃၀၀ ခန့်နှင့်ညီမျှသည့် စတုရန်းကီလိုမီတာ ၂၆,၀၀၀ ကျယ်ဝန်းသည့် အဆိုပါလုပ်ကွက်ကို ခွဲဝေအသုံးချရေးနှင့်ပတ်သက်ပြီးဆွေးနွေးရန် ယခုနှစ်အစောပိုင်းက သဘောတူညီခဲ့ကြသည်ဟုလည်းသိရသည်။

သို့သော် နှစ်နိုင်ငံအကြား အချုပ်အခြာအာဏာပြဿနာများအပါအဝင် သံတမန်ရေးရာသဘောထားကွဲလွဲမှုများဖြစ်ခဲ့ဖူးသည့်သမိုင်းကြောင်းကြောင့် ယခုညှိနှိုင်းရေးလုပ်ငန်းစဉ်သည် လွယ်ကူလိမ့်မည်မဟုတ်ကြောင်း ကို လည်းပြောကြားခဲ့သည်။

သို့ရာတွင် ထိုင်းနိုင်ငံ၏ အချို့သောပြည်တွင်းဓါတ်ငွေ့ထုတ်လုပ်မှုနှင့် အရန်သိုလှောင်ထားမှုများ ကျဆင်းနေခြင်းအပါအဝင် ရုပ်ကြွင်းလောင်စာအသုံးပြုမှုကိုပိတ်ပင်နိုင်မည့်နည်းလမ်းတစ်ခုဖြစ်သည့် ယခုအစီအစဉ်ကို နှစ်ဖက်အစိုးရများက အဆင်ပြေအောင်ညှိနှိုင်းဆောင်ရွက်နိုင်လိမ့်မည်ဟု ထိုင်းနိုင်ငံသားအချို့ကမျှော်လင့်လျက်ရှိကြသည်။

ကမ္ဘောဒီးယားအနေဖြင့်လည်း ယခုအစီအစဉ်ကို ထိုင်းနိုင်ငံနှင့်ညှိနှိုင်းဆွေးနွေးရန် အဆင်သင့်ရှိပါကြောင်းနှင့် ထိုင်းအစိုးရသစ်က အဆင်သင့်ဖြစ်ပါက ဆက်လက် ညှိနှိုင်းသွားမည်ဖြစ်ကြောင်းပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။

Source : ဘန်ကောက်ပို့စ်


LEAVE A REPLY

Please enter your comment!
Please enter your name here