တွံတေး ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်အား ၈ ရက်ကြာကျင်းပမည်

0
28

ရန်ကုန်တိုင်း၊ တွံတေးမြို့ရှိ ရှေးဟောင်းသမိုင်း ဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်အား အောက်တိုဘာ ၁၂ ရက်မှစတင် ၍ ၈ ရက်ကြာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဗုဒ္ဓပူဇနိယပွဲတော်အတွင်း အောက်တိုဘာ ၁၇ ရက်(သီတင်းကျွတ်လပြည့်နေ့- အဘိဓမ္မာအခါတော်နေ့)မွန်းတည့် ၁၂ နာရီတွင် တွံတေးမြို့ရှိဘုန်းတော်ကြီးကျောင်း(၇၅)ကျောင်းမှ ဆရာ တော်/သံဃာတော်များအား စေတီတော်မြတ်ကြီးအောက်ခြေပတ်လမ်း၌ ဆွမ်းဆန်တော်များလောင်းလှူပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အဘိဓမ္မာအခါတော်နေ့အထိမ်းအမှတ်အဖြစ် အောက်တိုဘာ ၁၇ ရက်(သီတင်းကျွတ်လပြည့်နေ့)နံနက် ၉ နာရီ၌ စေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များကဦးဆောင်၍ ဆရာတော်ကြီးများထံမှ သီလခံယူခြင်းနှင့်အမျှပေးဝေခြင်းများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အတူ ဗုဒ္ဓပူဇနိယပွဲတော်ကာလအတွင်း ဓမ္မာပူဇာအဖြစ် အဘိဓမ္မာ(၇)ကျမ်းရွတ်ဖတ်ပူဇော်ခြင်း၊ ဗုဒ္ဓပူဇာအဖြစ် စေတီတော်မြတ်ကြီး၏ အာ ရုံခံတန်ဆောင်းများအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်များအား သတ်မှတ်နေရာအလိုက်ဆွမ်းတော်ကြီးဆက်ကပ်လှူဒါန်းခြင်းများပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here