တီမောအာဆီယံအဖွဲဝင်ဖြစ်ရေး ကမ္ဘောဒီးယားထောက်ခံ

0
25

ဗီယန်ကျင်း၊အောက်တိုဘာ ၁၀

ကမ္ဘောဒီးယားသည် တီမောလက်စတီနိုင်ငံက အာဆီယံအဖွဲ့ဝင်ဖြစ်ရေးကို ထောက်ခံကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က လာအိုနိုင်ငံ၌ကျင်းပနေသည့် အာဆီယံထိပ်သီးအစည်းအဝေးတွင်ပြေကြားခဲ့သည်။

၄၄ ကြိမ်မြောက် အာဆီယံနှင့် ၄၅ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများသို့ ကိုယ်စားလှယ်အဖွဲ့များစေလွှတ်ရင်းဖြင့် ဝန်ကြီးချုပ်က ယခုကြေငြာချက်ကိုထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မစ္စတာဟွန်မာနက်က တီမောလက်စတီနိုင်ငံသည် အာဆီယံ၏တင်းပြည့်အဖွဲ့ဝင်ဖြစ်လာရေးအတွက် ကမ္ဘောဒီးယားက အပြည့်အဝထောက်ခံကြောင်း ထပ်မံအတည်ပြုကာ အဖွဲ့ဝင်ဖြစ်ရေးလုပ်ဆောင်ချက်မှန်သမျှကိုထောက်ခံကြောင်း‌ပြောကြားခဲ့သည်။

၂၀၁၁ ခုနှစ်မှစ၍ တီမောသည် အာဆီယံအဖွဲ့ဝင်ဖြစ်ရေးလျှောက်ထားခဲ့သဖြင့် လေ့လာသုံးသပ်နေရာမှ ၂၀၂၂ ခုနှစ် ကမ္ဘောဒီးယားအာဆီယံဥက္ကဌဖြစ်ချိန်တွင် လေ့လာသူအဖြစ် တီမောကို သတ်မှတ်ပေးခဲ့သည်။တီမောသည် ၂၀၂၅ ခုနှစ်တွင် အာဆီယံအဖွဲ့ဝင်ဖြစ်ရေး မျှော်မှန်းထားသည်ဟုလည်းသိရသည်။

Source : ခမာတိုင်းမ်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here