အိန္ဒိယက နျူစွမ်းအင်သုံး တိုက်ခိုက်ရေး ရေငုပ်သင်္ဘောနှစ်စင်း တည်ဆောက်မည်

0
26

အိန္ဒိယသည် နျူကလီးယားစွမ်းအင်သုံး တိုက်ခိုက်ရေး ရေငုပ်သင်္ဘော အတန်းအစားသစ် နှစ်စင်း ကိုတည်ဆောက်ရန် စီမံကိန်းကို အောက်တိုဘာ ၉ ရက်‌နေ့တွင် အတည်ပြုခဲ့သည်ဟု ကာကွယ်ရေး အရာရှိနှစ်ဦးက ပြောဆိုခဲ့ပြီး ယင်းစီမံကိန်းသည် ရူပီး ၄၅၀ ဘီလျံ(အမေရိကန်ဒေါ်လာ ၅ ဒဿမ ၄ ဘီလျံ) ကုန်ကျနိုင်သည်ဟု ခန့်မှန်းထားကြောင်း ဆိုသည်။

အိန္ဒိယသည် အိန္ဒိယသမုဒ္ဒရာအတွင်း တရုတ်၏ တိုးပွားလာနေသော တည်ရှိမှုနှင့် ရင်ဆိုင်လာရချိန်တွင် ၎င်း၏ စစ်တပ်ခေတ်မီရေး ကိုအလျင်အမြန်ကြိုးပမ်းနေပြီး ရေတပ်စွမ်းရည် ကိုမြှင့်တင်ရန်နှင့် ပြည်တွင်း လက်နက်ထုတ်လုပ်ရေးစွမ်းရည် ကို မြှင့်တင်ရန် အာရုံစိုက်နေသည်။

အတန်းအစားသစ် သင်္ဘောခြောက်စင်းတည်ဆောက်မည့် အိန္ဒိယရေတပ်၏ အစီအစဉ်တွင် ပထမဆုံး ရေငုပ်သင်္ဘောနှစ်စင်းကို တည်ဆောက်ရန် ဝန်ကြီးချုပ်နာရင်ဒြာမိုဒီ၏ အစိုးရအဖွဲ့က ထောက်ခံချက်ပေးခဲ့သည်ဟု အမည်မဖော်လိုသည့် အထက်ပါ အရာရှိများက ပြောဆိုခဲ့သည်။

နှစ်နိုင်ငံ၏ ဟိမဝန္တာနယ်စပ်ဒေသတလျှောက် တိုက်ခိုက်မှုများတွင် အိန္ဒိယစစ်သည် ၂၄ ဦး ‌ေ-သဆုံးခဲ့ပြီးနောက် ၂၀၂၀ ပြည့်နှစ်တွင် နှစ်ဖက်ဆက်ဆံရေး ပျက်ယွင်းခဲ့ချိန်မှစတင်ကာ စစ်သင်္ဘော အစင်း ၃၇၀ ကျော်ရှိနေသည့် ကမ္ဘာ့အကြီးဆုံး ရေတပ်အင်အားကို ပိုင်ဆိုင်သော တရုတ်နိုင်ငံသည် အိန္ဒိယအတွက် လုံခြုံရေး အရ စိုးရိမ်စရာဖြစ်လာခဲ့သည်။

သမားရိုးကျ ဒီဇယ်စွမ်းအင်သုံး ရေငုပ်သင်္ဘောများထက် ပိုမိုမြန်ဆန်၊ ဆိတ်ငြိမ်ကာ ရေအောက်တွင် ကြာရှည်စွာ တည်ရှိနေနိုင်သကဲ့သို့ ထောက်လှမ်းရှာဖွေရန်လည်း ပိုမိုခက်ခဲသော နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများသည် ကမ္ဘာပေါ်တွင် အပြင်းထန်ဆုံး ရေအောက်လက်နက်များအဖြစ် အဆင့်သတ်မှတ်ခံထားရသည်။

ယင်းသင်္ဘောအမျိုးအစားများကို လက်ရှိတွင် တရုတ်၊ ပြင်သစ်၊ ရုရှားနှင့် အမေရိကန်ပြည်ထောင်စုတို့ကဲ့သို့ လက်တစ်ဆုပ်စာ နိုင်ငံအနည်းငယ်ကသာ တည်ဆောက်နိုင်သေးသည်။

အိန္ဒိယသည် ယခင်က ရုရှားထံမှ နျူကလီယာစွမ်းအင်သုံး တိုက်ခိုက်ရေး ရေငုပ်သင်္ဘောနှစ်စင်း ကိုငှားရမ်းခဲ့ဖူးသော်လည်း ပြန်အပ်ခဲ့ပြီးဖြစ်ကာ နောက်ထပ် ငှားရမ်းမှုအတွက် ဆွေးနွေးနေခဲ့သည်။

ရေငုပ်သင်္ဘောသစ်နှစ်စင်းကို နိုင်ငံတောင်ပိုင်း Visakhapatham ရှိ အစိုးရပိုင် သင်္ဘောတည်ဆောက်ရေး စခန်းတွင် တည်ဆောက်သွားမည်ဖြစ်သည်။

Ref: ယူအက်စ်နူးစ်


LEAVE A REPLY

Please enter your comment!
Please enter your name here