နိုင်ငံခြားငွေလဲကောင်တာများ ဗဟိုဘဏ်၏ FX Trading rate အတိုင်း ဝယ်ယူရောင်းချကြရန် ညွှန်ကြားထား

0
43

ငွေလဲကောင်တာများအနေဖြင့် နိုင်ငံငွေရောင်းဝယ်ရာတွင် ဗဟိုဘဏ်၏ ပျမ်းမျှသတ်မှတ်ထားသည့် FX Trading rate အတိုင်း ဝယ်ယူရောင်းချကြရန် ညွှန်ကြားထားကြောင်း သိရသည်။

Money Changer များတွင် ဒေါ်လာရောင်းခြင်း၊ ဝယ်ခြင်းနှင့် ပတ်သက်၍ ပုံသေနှုန်းထား ညွှန်ကြား သတ်မှတ်ထားခြင်း ရှိမရှိ မီဒီယာများ၏ မေးမြန်းချက်ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပြန်လည်ဖြေကြားထားခြင်း ဖြစ်သည်။

အဆိုပါ ညွှန်ကြားချက်အရ နိုင်ငံခြားငွေများ ဝယ်ယူခြင်း၊ရောင်းချခြင်း ၊ လဲလှယ်ခြင်းတို့ ဆောင်ရွက်ရာတွင် ဝယ်ဈေးကို မြန်မာနိုင်ငံတေယ်ဗဟိုဘဏ်၏ FX Trading Platform တွင် တင်ပြချက်များအပေါ် တွက်ချက်ထားသော Optimum Level ရှိ Average rage အရသတ်မှတ်ထားသည့် FX Trading rate အတိုင်းသတ်မှတ်ပြီး ရောင်းဈေးကို သတ်မှတ်ရာတွင် FX Trading Rate +10 ကျပ်ဖြင့်အမြင့်ဆုံးထား၍ ရောင်းချကြရန် သတ်မှတ်ပေးထားကြောင်း သိရသည်။

လက်ရှိ FX Trading rate တွင် စက်တင်ဘာ (၃၀) ရက်တွင် ကျပ် (၃၅၂၉) ဖြစ်ပြီး အတတ်အကျရှိနေမည်ဖြစ်ပြီး FX Trading rate ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ် Websites တွင်ဖော်ပြပေးထားပြီး Money Changer ၏ Board များတွင်လည်း ကြေညာထားပြီးဖြစ်ကာ ပုံသေ (၃၅၀၀) ကျပ် ဝန်းကျင်ဆိုပြီး သတ်မှတ်ထားခြင်းမရှိကြောင်း ပြန်လည်ဖြေကြားထားသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် နိုင်ငံခြားငွေဈေးနှုန်းတည်ငြိမ်စေရေးအတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥပဒေ (၂၀၁၃) ခုနှစ်နှင့်အညီ ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီးနိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင်အား ဘဏ်များကိုသော်လည်းကောင်း၊ ဘဏ်မဟုတ်သောကုမ္ပဏီအဖွဲ့အစည်းများကိုသော်လည်းကောင်း၊ လိုင်စင်ချထားပေးပြီး စီစဉ်ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း လည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here