မလေးရှားနိုင်ငံတွင်းရှိ နိုင်ငံခြားသား အလုပ်သမားများ၏ လူမှုအကျိုးခံစားခွင့်များ တိုးမြှင့်နိုင်ရေး မြန်မာသံအမတ်ကြီး ဆွေးနွေး

0
28

မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်စိုးဝင်းသည် မလေးရှားနိုင်ငံတွင်း အလုပ်လုပ်ကိုင်လျက်ရှိသည့် နိုင်ငံခြားသား အလုပ်သမားများ၏ လူမှုအကျိုးခံစားခွင့်များ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် မလေးရှားနိုင်ငံရှိ သံရုံးများ၏ ကိုယ်စားလှယ်များနှင့် အလုပ်သမားကိုယ်စားလှယ်များနှင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

မလေးရှားနိုင်ငံ၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးဝန်ကြီးဌာနရှိ လူမှုဖူလုံရေးအဖွဲ့အစည်းမှ ကျင်းပပြုလုပ်သည့် မလေးရှားနိုင်ငံရှိ နိုင်ငံခြားသားအလုပ်သမားများ၏ အကျိုးခံစားခွင့် မျှော်မှန်းချက်ဆိုင်ရာ နေ့လယ်စာစားပွဲကို ကွာလာလမ်ပူမြို့ရှိ Sheraton Imperial KL Hotel ၌ အောက်တိုဘာ (၁၀)ရက် နေ့လယ်ပိုင်းက ကျင်းပခဲ့ခြင်း ဖြစ်သည်။

၎င်းနေ့လယ်စာစားပွဲကို မြန်မာသံအမတ်ကြီး ဦးအောင်စိုးဝင်းသည် အလုပ်သမားသံအရာရှိ နှစ်ဦးနှင့်အတူ တက်ရောက်ခဲ့ပြီး၊ နိုင်ငံခြားသားအလုပ်သမားများ၏ လူမှုအကျိုးခံစားခွင့်များ တိုးမြှင့်ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များအား အခြားတက်ရောက်လာသူများနှင့် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။

အခမ်းအနားသို့ လူမှုဖူလုံရေးအဖွဲ့အစည်းမှ ဥက္ကဋ္ဌ Dato’ Sri Subahan Kama၊ အမှုဆောင်အရာရှိချုပ်/ညွှန်ကြားရေးမှူးချုပ် Dato’ Sri Dr. Mohammed Azman Aziz Mohammed တို့အပြင် မလေးရှားနိုင်ငံရှိ အခြားသံရုံးများမှ ကိုယ်စားလှယ်များနှင့် အလုပ်သမားကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here