ပုသိမ်လေဆိပ် ပြုပြင်မွမ်းမံမှု အချိန်မီပြီးစီးရေး ဒုတိယဝန်ကြီး တိုက်တွန်း

0
29

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ပုသိမ်လေဆိပ် ပြုပြင်မွမ်းမံရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေး တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သိရသည်။

ဒုတိယဝန်ကြီးသည် လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုပြီး ယာယီဆိုက်ရောက်/ထွက်ခွာအဆောက်အဦတွင် စံသတ်မှတ်ချက်နှင့်အညီ ဆိုင်းဘုတ်များ သတ်မှတ်ချက်အတိုင်းတပ်ဆင်ရေး၊ လုံခြုံရေးဆိုင်ရာ မရှိမဖြစ် စက်ပစ္စည်းများ အချိန်မီတပ်ဆင်ရေး၊ လေယာဉ်အရေးပေါ်မီးသတ်ယာဉ် အသင့်အသုံးပြုနိုင်ရေး၊ ခရီးသည်များ ကားပါကင်မှ လေဆိပ်အဆောက်အဦသို့ အဆင်ပြေစွာ သွားလာနိုင်ရေးတို့ကို အလေးထားဆောင်ရွက်ရန် မှာကြားသည်။

ထို့အပြင် လေကြောင်းထိန်းမျှော်စင် ဆက်သွယ်ရေးစနစ် ကောင်းမွန်စေရေး၊ လေယာဉ်ပြေးလမ်းမီး ထိန်းချုပ်စနစ် အချိန်ပြည့်ကောင်းမွန်စေရေး၊ Control Tower မှ ပြေးလမ်းထိပ်နှစ်ဖက်သို့ မြင်ကွင်းကောင်းမွန်စေရေး တို့ကို စသည့် ပြန်လည်ပြင်ဆင်နေသော လုပ်ငန်းများအားလုံး သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ သတ်မှတ်ချိန်အတွင်း ပြီးစီးအောင်ဆောင်ရွက်ကြရန်လည်း မှာကြားသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနသည် အောက်တိုဘာ ၁၃ ရက်မှစ၍ ATR အမျိုးအစားလေယာဉ်ဖြင့် ပုသိမ်လေဆိပ်သို့ ပုံမှန်ခရီးစဉ်များ ပြန်လည်ပြေးဆွဲရန် စီစဉ်နေပြီး မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA)၊ အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) နှင့် မင်္ဂလာလေကြောင်းလိုင်းတို့မှ ရန်ကုန်၊ မန္တလေး၊ ညောင်ဦးနှင့် ပုသိမ်ကြား ခရီးစဉ်များ ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here