ဘက်စုံကုန်သွယ်မှုစနစ်ထိန်းသိမ်းရန် အာဆီယံကိုဟွန်မာနက်တိုက်တွန်း

0
14
Laos' Prime Minister Sonexay Siphandone (C) leads the 45th Association of Southeast Asian Nations (ASEAN) Summit in Vientiane on October 9, 2024. (Photo by TANG CHHIN SOTHY / AFP)

ဖနွမ်းပင်၊အောက်တိုဘာ ၁၀

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနက်က အာဆီယံကို တရားမျှတပြီး အားလုံးပါဝင်သည့် ဘက်စုံကုန်သွယ်မှုစနစ်ကိုထိန်းသိမ်းကာ မိတ်ဖက်နိုင်ငံများနှင့် ကုန်သွယ်မှုဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့လုပ်ဆောင်ရန်လတောင်းဆိုခဲ့ကြောင်းသိရသည်။

မစ္စတာဟွန်မာနက်သည် လာအိုနိုင်ငံ ဗီယန်ကျင်းမြို့၌ကျင်းပနေသည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် မိန့်ခွန်းပြောကြားရာ၌ ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ လတ်တလောဖြစ်ပေါ်နေသည့် မရေရာမှုများနှင့် ပထဝီနိုင်ငံရေးရှုပ်ထွေးမှုများကြောင့် အာဆီယံ၏လုပ်ဆောင်ချက်များသည် အနာဂတ်ကို မျှော်တွေးကာလုပ်ဆောင်ရန်နှင့် မဟာဗျူဟာမြောက်ရန် ပြောကြားခဲ့သည်။

အာဆီယံသည် ကမ္ဘာလုံးဆိုင်ရာအရေးအရာကိစ္စများတွင် ပိုမိုအရေးပါသောအခန်းကဏ္ဍမှပါဝင်နိုင်ရန်လိုအပ်ပြီး အာဆီယံနှင့်လက်တွဲလိုသော မည်သည့်မိတ်ဖက်နိုင်ငံကိုမဆို ထောက်ခံပါကြောင်းလည်းပြောကြားခဲ့သည်။

အာဆီယံထိပ်သီးအစည်းအဝေးအတွင်း အာဆီယံခေါင်းဆောင်များသည် ပြောင်းလဲတိုးတက်နေသည့် အခြေအနေနှင့် မရေရာသည့် ပထဝီနိုင်ငံရေးအခင်းအကျင်းတွင် အာဆီယံသည် အနာဂတ် ၌ ဖြစ်လာမည့် အ‌ခြေအနေကို ခံနိုင်ရည် ရှိရန်၊ အနာဂတ်အတွက် ကြိုတင် ပြင်ဆင် ထားပြီး ဖြစ်ရာ ရှေ့သို့ မျှော်တွေး လုပ်ဆောင်ရန်အရေးကြီးကြောင်းထပ်လောင်းပြောကြားခဲ့ကြသည်။

Source : ရှင်းဟွာ


LEAVE A REPLY

Please enter your comment!
Please enter your name here