သြစတြေးလျက မြန်မာနိုင်ငံအတွက် ဒေါ်လာ ၁၂၁.၄ သန်း ပေးအပ်မည်

0
17

သြစတြေးလျနိုင်ငံသည် မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၁၂၁.၄ သန်း ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံရုံးက ထုတ်ပြန်ကြေညာလိုက်သည်။

ယနေ့ အောက်တိုဘာ ၁၁ ရက်နေ့တွင် ကျရောက်သည့် International Day of The Girl Child ၌ ထုတ်ပြန်ခဲ့သည့် ကြေညာချက်၌ ၎င်းတို့က မြန်မာနိုင်ငံရှိ အမျိုးသမီးငယ်များ၏ လူ့အခွင့်အရေးနှင့် ၎င်းတို့ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို အထူးအလေးထားကြောင်း ဖော်ပြထားသည်။

ထို့အပြင် ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များအနက် ကျားမတန်းတူညီမျှရေးနှင့် အမျိုးသမီးများ၊ မိန်းကလေးငယ်များအပေါ် အကြ-မ်းဖက်မှု ပပျောက်ရေးတို့ကို အထူးဦးစားပေး ဆောင်ရွက်သွားမည်ဟု ဆိုသည်။

ကြေညာချက်တွင် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေကို ထည့်သွင်းဖော်ပြထားပြီး ၂၀၂၁ ခုနှစ်မှစ၍ ဆင်းရဲနွမ်းပါးမှု နှစ်ဆမြင့်တက်လာခြင်း၊ ပြင်းထန်သော ရာသီဥတုဖြစ်စဉ်များ ကြုံတွေ့ရဆုံး ကမ္ဘာ့ဒုတိယနိုင်ငံ ဖြစ်လာခြင်းတို့ကို ထောက်ပြထားသည်။

ထို့ပြင် အကြပ်အတည်းကြောင့် ကျားမတန်းတူညီမျှမှု နိမ့်ကျလာပြီး အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ လူ့အခွင့်အရေး စိုးရိမ်ဖွယ်အခြေအနေ ရောက်ရှိလာကြောင်းလည်း ဖော်ပြထားသည်။

သြစတြေးလျအစိုးရသည် ၎င်း၏အကူအညီများကို ရောက်ရှိရန်ခက်ခဲသော ဒေသများ၊ ပဋိပက္ခဒဏ်သင့်ဒေသများရှိ ထိခိုက်လွယ်လူထုများ၊ အထူးသဖြင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအတွက် ဦးတည်သွားမည်ဖြစ်ပြီး ကျန်းမာရေး၊ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းမှုကဏ္ဍများကို ဦးစားပေးဆောင်ရွက်သွားမည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here