ဂျပန်အဏုမြူဗုံးဒဏ်မှ သက်ရှင်ကျန်ရစ်သူများ၏ အဖွဲ့အစည်း ငြိမ်းချမ်းရေးနိုဘယ်ဆုရရှိ

0
14

ဟီရိုရှီးမားနှင့် နာဂါဆာကီအား အမေရိကန်ကအဏုမြူဗုံးကြဲချမှုမှ အသက်ရှင်ကျန်ရစ်သူများနှင့် ဖွဲ့စည်းထား‌သော ဂျပန်နိုင်ငံ၏ နိဟွန်းဟိဒန်ကျို(Nihon Hidankyo)အဖွဲ့အစည်းအား ၂၀၂၄ ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ချီးမြှင့်လိုက်‌ကြောင်း နော်ဝေနိုင်ငံ နိုဘယ်ဆုချီးမြှင့်‌ရေးကော်မတီက ကြေညာလိုက်သည်။

“နျူကလီးယားလက်နက်ကင်းစင်တဲ့ကမ္ဘာဖြစ်မြောက်အောင် ကြိုးပမ်းမှုနဲ့ နျူကလီးယားလက်နက်တွေကို ဘယ်တော့မှ ထပ်မသုံးရဘူးဆိုတဲ့ လှုပ်ရှားမှုတွေနဲ့ သရုပ်ပြခဲ့တဲ့အတွက် ဒီလှုပ်ရှားမှုကို ဂုဏ်ပြုလိုက်တာဖြစ်ပါတယ်” ဟု နိုဘယ်ဆုကော်မတီက ပြောကြားခဲ့သည်။

နိဟွန်ဟိဒန်ကျို သည် အမေရိကန်ပြည်ထောင်စုမှ ဟီရိုရှီးမားနှင့် နာဂါဆာကီမြို့တို့၏ အဏုမြူဗုံးကြဲချမှုမှ အသက်ရှင်ကျန်ရစ်သူများ၏ အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ၁၉၅၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ဂျပန်နိုင်ငံ၏ စီရင်စု ၄၇ ခုစလုံးတွင် တည်ရှိသည်။

လှုပ်ရှားမှု၏ အဓိကပန်းတိုင်များမှာ “နျူကလီးယားစစ်ပွဲကို တားဆီးရေးနှင့် နျူကလီးယားလက်နက်များ ဖျက်သိမ်းရေး နိုင်ငံတကာ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခြင်းတို့ အပါအဝင်ဖြစ်သည်။

ထို့အပြင် နိဟွန်ဟိဒန်ကျို အဖွဲ့ဝင်များသည် အဏုမြူဗုံးကြဲခံရသော ဒုက္ခသည်များအတွက် အစိုးရမှ လစာငွေများပေးရန် ထောက်ခံအားပေးသည်။ အဆိုပါအဖွဲ့အစည်းသည် ၁၉၈၅ ခုနှစ်မှစ၍ ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် အကြိမ်ပေါင်းများစွာ အမည်စာရင်းတင်သွင်းခြင်းခံခဲ့ရပြီး ယခုနှစ်မှသာလျှင် ဆုကို ရရှိခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here