အမေရိကန်ဒေါ်လာ ၁၂ သန်းကျော်နှင့် ထိုင်းဘတ် ၃၈ သန်းကျော် ဗဟိုဘဏ်ထုတ်ရောင်း

0
34

ဗဟိုဘဏ်အနေဖြင့် ယမန်နေ့ အောက်တိုဘာ ၁၀ ရက်နေ့တွင် နိုင်ငံခြားငွေ ဈေးကွက်ထဲသို့ အမေရိကန်‌ဒေါ်လာ ၁၂ ဒသမ ၄၈ သန်းနှင့် ထိုင်းဘတ် ၃၈ ဒသမ ၇ သန်း ထုတ်ရောင်းပေးခဲ့ကြောင်း ဗဟိုဘဏ်ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

Online Trading Platform မှတဆင့် တစ်ဒေါ်လာ ၃၅၅၄ ကျပ်၊ ထိုင်းဘတ် တဘတ်လျှင် ၁၁၅ ဒသမ၉ ကျပ်နှုန်းဖြင့် ရောင်းချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဗဟိုဘဏ်မှယခုတစ်ကြိမ်အပါအဝင် နှစ်လခွဲအတွင်း ဒေါ်လာ ၃၄၂ သန်းကျော်အထိ ထုတ်ရောင်းပေးထားသလို ထိုင်းဘတ် ၃၆၈ သန်းကျော်၊ တရုတ်ယွမ် ၃၁ သန်းခန့်ကိုလည်း ထုတ်ရောင်းပေးခဲ့ပြီးဖြစ်သည်။

ဒေါ်လာဈေးသည် ပြီးခဲ့သည့် ဩဂုတ်လအတွင်း ကျပ် ၇၀၀၀ အထိ ခုန်တက်ခဲ့ပြီးနောက် ဗဟိုဘဏ်၏ ‌ဒေါ်လာ သန်းပေါင်းများစွာ ထုတ်ရောင်းမှုနှင့်အတူ ငွေလဲနှုန်းကျဆင်းလာခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ဗဟိုဘဏ်၏ အွန်လိုင်းပလက်ဖောင်း ဒေါ်လာဈေးသည် ၃၅၅၄ ကျပ်ဖြစ်နေပြီး ပြင်ပဈေးကွက်တွင် တဒေါ်လာ ၄၅၀၀ စွန်းစွန်းသာ ရှိခြင်းကြောင့် ဗဟိုဘဏ်ဈေးနှင့် ပြင်ပဈေးသည် ကျပ် ၁၀၀၀ ဝန်းကျင်သာ ကွာခြားတော့ကြောင်း ဈေးနှုန်းများအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here