မြန်မာ့အရေး အသစ်တဖန်ဆွေးနွေးဖို့ ထိုင်းကမ်းလှမ်း

0
7
Laos' Prime Minister Sonexay Siphandone (C) leads the 45th Association of Southeast Asian Nations (ASEAN) Summit in Vientiane on October 9, 2024. (Photo by TANG CHHIN SOTHY / AFP)

ဘန်ကောက်၊အောက်တိုဘာ ၁၀

ထိုင်းနိုင်ငံသည် မြန်မာ့နိုင်ငံရေးအကျပ်အတည်းအဆုံးသတ်ရေးအတွက် အလွတ်သဘော ညှိနှိုင်းဆွေးနွေးမှုများကို ဒီဇင်ဘာလ၌ လက်ခံကျင်းပရန် ကမ်းလှမ်းထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

ထိုင်းဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကမူ ဗီယန်ကျင်းမြို့တွင်ပြုလုပ်သည့် အာဆီယံထိပ်သီးအစည်းအဝေးပထမနေ့နှင့် ဆက်စပ်အစည်းအဝေးများပြုလုပ်သည့် အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် အဆိုပါ ကမ်းလှမ်းချက်ကိုဖော်ပြခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

“ကျွန်တော်တို့ရဲ့အဆိုပြုချက်ကို လာအို(လက်ရှိအာဆီယံဥက္ကဌ) နဲ့ မလေးရှားနိုင်ငံ(နောက်လာမည့်အလှည့်ကျဥက္ကဌ) တို့ကထောက်ခံတာကြောင့် အခုပြုလုပ်မဲ့ အလွတ်သဘောညှိနှိုင်းဆွေးနွေးမှုကို အကောင်အထည်ဖော်ဖြစ်မယ်လို့လည်း ယုံကြည်ပါတယ်” ဟု ၎င်းကဆိုသည်။

မြန်မာ့နိုင်ငံရေးအကျပ်အတည်းသည် အဓိကစိုးရိမ်စရာဖြစ်ကြောင်း အာဆီယံခေါင်းဆောင်များကထိပ်သီးအစည်းအဝေးတွင် သဘောတူညီခဲ့ကြပြီး အဖွဲ့ဝင်နိုင်ငံတိုင်းက နိုင်ငံများတွင်ငြိမ်းချမ်းရေးကို ပြန်လည်မြင်လိုကြောင်းလည်းပြောကြားခဲ့သည်။

ဆက်လက်၍လည်း လက်ရှိဖြစ်ပေါ်နေသည့် စစ်ရေးပဋိပက္ခတွင်နှစ်ဖက်သက်ဆိုင်သူများအနေဖြင့် အပြစ်မဲ့အရပ်သားပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းမျိုး ကို လျှော့ချကြရန်လည်း ၎င်းတို့ကသတိပေးခဲ့သည်။

ဆက်လက်၍လည်း မြန်မာ့အရေးသည် အလျင်စလိုလုပ်ပြီးဖြေရှင်း၍မရကြောင်းနှင့် မြန်မာ့ပဋိပက္ခသည်ရှုပ်ထွေးသဖြင့် အချိန်နှင့်စိတ်ရှည်သည်းခံမှုလိုအပ်ကြောင်းလည်း အာဆီယံအတွင်းရေးမှူးချုပ်ကပြောကြားခဲ့သည်။

Source : ဘန်ကောက်ပို့စ်


LEAVE A REPLY

Please enter your comment!
Please enter your name here