အင်းလေးကန်ရေပြင် (၅)ပေခန့် ကျဆင်းသွားသော်လည်း အနိမ့်ပိုင်းရွာများ ရေနစ်မြုစ်နေဆဲဖြစ်

0
10

ရေကြီးနစ်မြုပ်နေသည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့ရှိ အင်းလေးကန်တွင် ပြီးခဲ့သည့်လများထက် ရေ(၅) ပေခန့် ကျဆင်းသွားသော်လည်း အနိမ့်ပိုင်းရွာများ၌ ရေနစ်မြုပ်နေဆဲဖြစ်ကြောင်း ဒေသခံတချို့က ပြောသည်။

ယင်းသို့ ရေနစ်မြုပ်နေသောကြောင့် ရေဘေးရှောင်နေရသူ အင်းလေးဒေသခံများသည်လည်း ဘုန်းကြီးကျောင်းများ၊ ကယ်ဆယ်ရေးစခန်းများတွင်သာ ဆက်လက်နေထိုင်နေရသည်။

ဒေသခံများ၏ အဆိုအရ အင်းလေးကန် ရေနစ်မြုပ်မှု၌ အင်းလေးကန် တောင်ပိုင်းသည် အဆိုးဝါးဆုံးအခြေအနေဖြစ်နေကာ ယနေ့ထိ ကျေးရွာပေါင်း (၁၀၀) ကျော်သည် ရေမကျသေးကြောင်း သိရသည်။

နောက်ဆက်တွဲအနေဖြင့် ယင်းနေရာများ၌ သောက်သုံးရေနှင့် စားသောက်ရိက္ခာများ လိုအပ်နေကာ ရေရှည်အတွက် ကူညီထောက်ပံ့မှုများ လိုအပ်နေကြောင်း သွားရောက်ကူညီနေသည့် အလင်းမေတ္တာပရဟိတအဖွဲ့က စေတနာ့ဝန်ထမ်းတစ်ဦးကလည်း ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

လက်ရှိတွင် အင်းလေးကန်အတွင်း၌ ရေပြန်မကျသေးသောကြောင့် နှစ်စဉ်ကျင်းပလေ့ရှိသည့် အင်းလေးဖောင်တော်ဦး ဒေသစာရီ လှည့်လည်ပူဇော်ပွဲကို ယခုနှစ်တွင် မကျင်းပဖြစ်တော့ကြောင်းလည်း သိရသည်။

အင်းလေးကန်သည် မြန်မာနိုင်ငံတွင် ဒုတိယအကြီးဆုံးကန်ဖြစ်ကာ လက်ရှိတွင် ရေဘေးကြောင့် ဒေသခံနှစ်သောင်းကျော်သည် အခက်အခဲများနှင့် ရင်ဆိုင်နေရသည့် အခြေအနေဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here