ဇောတိက နှင့် ရတနာ စီမံကိန်း(PTTEP International Limited)မှ MMC Automotive Mechanic Training သင်တန်းအတွက် ပညာသင်ဆုထောက်ပံ့မည်

0
18

Myanmar Motor Corporation မှ (၁) နှစ်တွင် အပတ်စဉ် (၂) ကြိမ်သာ ဖွင့်လှစ်သော
MMC Automotive Mechanic Training သင်တန်းအတွက် သင်တန်းသား (၃၆) ဦးအား (Scholarship Program) အစီအစဉ် ဖြင့် ခေါ်ယူသွားမည် ဖြစ်ကြောင်း သိရသည်။

သင်တန်းကာလမှာ (၆)လ ဖြစ်ပြီး အပတ်စဉ် (၃) သင်တန်းကို ဇန်နဝါရီလ (၉) ရက်တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ကာ သင်တန်းသား (၄၅) ဦးသာ လက်ခံသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းကြေး အနေဖြင့် (၂၁) သိန်းဖြစ်ပြီး သင်တန်းသား (၉) ဦးသာ သင်တန်း‌ကြေးအပြည့် ပေးသွင်းရမည်ပြီး လစဉ် အရစ်ကျဖြင့်ပေးသွင်းနိုင်သည့်အပြင် ဇန်နဝါရီလ (၈) ရက်နောက်ဆုံးထား၍ လျှောက်လွှာများလျှောက်ထားနိုင်ကြောင်းလည်း သိရသည်။

ထို့ပြင် ပညာသင်ထောက်ပံ့ပေးခြင်းအစီအစဉ် (Scholarship Program) ဖြင့် တက်ရောက်သင်ကြား လိုသူများလည်း လျောက်ထားနိုင်ပြီး လျှောက်လွှာတင်ထားသော သင်တန်းသားများအား လူတွေ့စစ်ဆေးရွေးချယ်မည်ဖြစ်ကာ သင်တန်းသား (၃၆) ဦး မှ (၁၅) ဦးအား သင်တန်းကြေး အခမဲ့ (100 % Scholarship)ဖြင့် ခေါ်ယူသွားမည်ဖြစ်ပြီး (၂၁) ဦးအား သင်တန်းကြေး တစ်ဝက် (50% scholarship) ဖြင့်ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

Scholarship ကို ငွေကြေးမတတ်နိုင်သူ ကျောင်းသားများနှင့် ဂျပန်နိုင်ငံသို့ သွာရောက် အလုပ်လုပ်ကိုင်လိုသူများအား ဦးစားပေး‌ရွေးချယ်မည်ဖြစ်ကာ သင်တန်းကာလအတွင်း ဂျပန်စာ N4 အဆင့်ထိပါ ပူးတွဲသင်ကြားပေးမည်ဖြစ်ပြီး Scholarship program ဖြင့် တက်ရောက်လိုသူများ ဇန်နဝါရီလ (၂) ရက်နေ့နောက်ဆုံးထား၍ လျှောက်ထားနိုင်ကြောင်း သိရသည်။

ပညာသင်ဆုလျှောက်ထားလိုသူများသည် သင်တန်းအား အမှန်တကယ် တက်ရောက်လိုစိတ်ရှိပြီး သင်တန်းပြီးဆုံးသည့်တိုင်အောင် တက်ရောက်နိုင်သူများ ဖြစ်ရမည့်အပြင် ကျောင်းသင်တန်းတက်ရောက်ချိန် ၇၅ ရာခိုင်နှုန်း မပြည့်မီသူများအား သင်တန်းဆင်း အောင်လက်မှတ် ထုပ်ပေးသွားမည်မ ဟုတ်ဘဲ သင်တန်းတက်ရောက်ရန် အမှန်တကယ် ငွေကြေးအခက်အခဲရှိသောသူများအား ဦးစားပေးရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းတက်ရောက်လိုသူများအနေဖြင့် ပညာအရည်အချင်း အလယ်တန်းပညာအရည်အချင်း (၈) တန်း ပြီးမြောက်သူ ဖြစ်ရမည်ဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here