တရုတ်က လူဦးရေပြောင်းလဲလာမှုကို စစ်တမ်း ကောက်မည်

0
14

အာဏာပိုင်များအနေဖြင့် မွေးဖွားနှုန်း ကျဆင်းမှုကိုမြှင့်တင်ရန် တွန်းအားပေးဆောင်ရွက်နေချိန်၌ လူဦးရေ ပြောင်းလဲလာမှုကို စေ့စေ့စပ်စပ် စောင့်ကြည့်ရန်နှင့် ပိုမိုကောင်းမွန်သော စီးပွားရေးနှင့် လူမူရေး မူဝါဒများချမှတ်နိုင်ရန်အတွက် ကြာသပတေးနေ့မှစတင်ကာ နိုင်ငံတစ်ဝန်း နမူနာ စစ်တမ်းများ ကောက်ယူသွားမည်ဟု တရုတ်နိုင်ငံစာရင်းအင်းဗျူရိုက ပြောကြားခဲ့သည်။

ဗျူရိုသည် ၂၀၂၃ ခုနှစ်တွင်လည်း အလားတူ စစ်တမ်းကောက်ယူခဲ့သည်။ ယခုတဖန်ထပ်မံကောက်ယူမည်ဖြစ်ပြီး နိုဝင်ဘာ ၃၀ ရက်အထိ ကောက်ယူသွားမည်ဟု ဆိုသည်။

တရုတ်နိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် ၂ နှစ်ဆက်တိုက် လူဦးရေကျဆင်းမှုကို ကြုံခဲ့ရပြီးနောက် လူငယ်စုံတွဲများ အနေဖြင့်ရင်သွေးယူရေးကို အစိုးရက မက်လုံးပေးကာ စည်းရုံးလျက်ရှိသည်။

သက်ကြီးရွယ်အိုဦးရေ အလျင်အမြန်တိုးမြင့်နေမှုသည် မူဝါဒချမှတ်သူများအတွက် စိုးရိမ်စရာဖြစ်လာပြီး တရုတ်နိုင်ငံ၏ သက်ကြီးရွယ်အိုဦးရေသည် ၂၀၃၅ ခုနှစ်တွင် အနည်းဆုံး ၄၀ ရာခိုင်နှုန်းအဖြစ် သန်း ၄၀၀ ကျော်အထိ ရှိလာမည်ဖြစ်ရာ ယင်း ကိန်းဂဏန်းသည် ဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စုနှစ်ခုပေါင်း၏ လူဦးရေနှင့် ညီမျှသည့် အရေအတွက်ဖြစ်သည်။

စစ်တမ်းသည် ဖွံ့ဖြိုးတိုးတက်မှုနှင့် လူဦးရေပြောင်းလဲလာမှုတို့ကို အချိန်နှင့်တပြေးညီ တိကျစွာ စောင့်ကြည့်ပြီး အမျိုးသားစီးပွားရေးနှင့် လူမူဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများ ကိုရေးဆွဲရာတွင် အထောက်အကူဖြစ်စေရန် မြို့ပြနှင့် ကျေးလက်ဒေသများကို အဓိကထားမည်ဖြစ်သည်ဟု ဗျူရိုက သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

Ref: Khaleej Times


LEAVE A REPLY

Please enter your comment!
Please enter your name here