တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား (ကြည်း၊ရေ၊လေ)ဘောလုံးပြိုင်ပွဲတွင် ရန်ကုန် တိုင်းစစ်ဌာနချုပ်ကိုယ်စားပြုအသင်းဗိုလ်စွဲ

0
16

၂၀၂၄ ခုနှစ်၊ (၆၁)ကြိမ်မြောက် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ဖလား(ကြည်း၊ရေ၊လေ) ဘောလုံးပြိုင်ပွဲ၏ အလွတ်တန်းအဆင့်ဗိုလ်လုပွဲတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြုအသင်းက အနိုင်ရဗိုလ်စွဲခဲ့သည်။

ဘောလုံးပြိုင်ပွဲ၏ ဗိုလ်လုပွဲစဥ်အား ယနေ့ အောက်တိုဘာ ၁၁ ရက်ညနေပိုင်းက နေပြည် တော်ရှိ ဇေယျာသီရိတပ်မတော်အားကစားကွင်း ၌ကျင်းပရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုယ်စားပြုအသင်းနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြုအသင်းတို့ယှဉ်ပြိုင်ခဲ့ကြပြီး နစက ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကြည့်ရှုအားပေးခဲ့သည်။

ပြိုင်ပွဲအပြီးတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်ကိုယ် စားပြုအသင်းမှ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုယ်စားပြုအသင်းအား ၁ ဂိုး – ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

ထို့နောက် ဆုပေးပွဲအားဆက်လက်ကျင်းပရာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ၂၀၂၄ ခုနှစ်၊ တပ်မတော်(ကြည်း၊ ရေ၊ လေ)အားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ် ၆၅ ခု၊ ငွေတံဆိပ် ၄၃ ခု၊ ကြေးတံဆိပ် ၄၁ ခု(စုစုပေါင်းဆုတံဆိပ် ၁၄၉ ခု) ဖြင့် ဆုအများဆုံးရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)ကိုယ်စားပြုအသင်းအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တံခွန်စိုက်ဒိုင်းဆုကြီးနှင့် ငွေသားဆုများကိုပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့ပြင် ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှလည်း ပြိုင်ပွဲများ၌ ဆုတံဆိပ်ဒုတိယအများဆုံးရရှိသည့် ရန် ကုန်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြုအသင်းအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တံခွန်စိုက်ဒိုင်း(ဒုတိယ)ဆုနှင့် ငွေသားဆုများကိုပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့အတူ ကောင်စီဝင်ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီးမောင်မောင်အေးမှ ပြိုင်ပွဲများတွင် ဆုတံဆိပ်တတိယအများဆုံးရရှိသည့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တံခွန်စိုက်ဒိုင်း(တတိယ)ဆုနှင့် ငွေသားဆုများကို ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့ပြင် ဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရန်ကုန်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြုအသင်းအား ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒု-ဗိုလ်ချုပ်ကြီးထိန်ဝင်းက တစ်ဦးချင်းဆုတံဆိပ်များ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ပထမဆု ဖလား၊ ဆင့်ပွားဆုဖလားနှင့် ငွေသားဆုများကို ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့အတူ တာဝန်ရှိသူများမှလည်း ဘောလုံးပြိုင် ပွဲတွင် နေရာအလိုက်အကောင်းဆုံးအားကစားသမားဆုရရှိသူများ၊ ပွဲစဉ်တစ်လျှောက်အ ကောင်းဆုံးကစားသမားဆုရရှိသူများ၊ အသန့် ရှင်းဆုံးဆုနှင့်တတိယဆုရရှိသည့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)ကိုယ်စားပြုအသင်း၊ ဒုတိယဆုရရှိသည့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုယ်စားပြုအသင်းတို့အား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် (၆၁)ကြိမ်မြောက် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ဖလား(ကြည်း၊ရေ၊လေ)ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့် ၂၀၂၄ ခုနှစ်၊ တပ်မတော်(ကြည်း၊ရေ၊လေ)အားကစားပြိုင်ပွဲဆုချီး မြှင့်ပွဲအခမ်းအနားတို့ အောင်မြင်ခြင်းအထိမ်းအမှတ်အဖြစ် မီးရှူး၊ မီးပန်းများကို ဂုဏ်ပြုပစ်ဖောက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here