မြန်မာရေတပ်နှင့်အာဆီယံရေတပ်များကြား ချစ်ကြည်ရင်းနှီးစွာပူးပေါင်းဆောင်ရွက်ရေးကိုဆွေးနွေး

0
23

မြန်မာရေတပ်နှင့်အာဆီယံရေတပ်များကြား ချစ်ကြည်ရင်းနှီးစွာပူးပေါင်းဆောင်ရွက်ရေးကို ကာကွယ်ရေးဦးစီးချုပ်(ရေ)ဒု-ဗိုလ်ချုပ်ကြီးထိန်ဝင်းနှင့် မြန်မာနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၁၈)ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များအစည်းအဝေးသို့တက်ရောက်လာသည့် အာဆီယံရေတပ်ဦးစီးချုပ်များနှင့် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များဆွေးနွေးခဲ့ကြသည်။

ဒု-ဗိုလ်ချုပ်ကြီးထိန်ဝင်းမှ ဘရူနိုင်း၊ ကမ္ဘောဒီး ယား၊ လာအို၊ ဗီယက်နမ်၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ ရေတပ်ဦးစီးချုပ်များနှင့် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များကို ယမန်နေ့ အောက်တိုဘာ ၁၀ ရက်က သီးခြားစီတွေ့ဆုံခဲ့သည်။

တွေ့ဆုံစဥ် နှစ်နိုင်ငံရေတပ်များကြား ချစ်ကြည်ရင်းနှီးစွာပူးပေါင်းဆောင်ရွက်ရေး၊ အာဆီယံ အဖွဲ့အစည်းအတွင်း ချစ်ကြည်ရင်းနှီးစွာပူးပေါင်းဆောင်ရွက်ရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများနှင့် သဘာဝဘေး အန္တရာယ်ကာကွယ်တားဆီးရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် နှစ်နိုင်ငံရေတပ်များကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

ထို့အတူ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ရေတပ်ဦး စီးချုပ်များဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့များမှလည်း သီးခြားတွေ့ဆုံဆွေးနွေးမှုများအ ပြန်အလှန်ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အစည်းအဝေးတွင် “ငြိမ်းချမ်းကြွယ်ဝသောဒေ သဆီသို့ တက်ညီလက်ညီလှော်ခတ်ခြင်း”ခေါင်းစဥ်နှင့် သတင်းအချက်အလက်ဖလှယ်ခြင်းအစီအစဥ်၊ အနာဂတ်တွင် ဆောင်ရွက်မည့်အစီအစဉ်များကိုဆွေးနွေး၍ (၁၈)ကြိမ်မြောက်အာဆီယံ ရေတပ်ဦးစီးချုပ်များအစည်းအဝေး၏ ဆုံးဖြတ်ချက်များကို အတည်ပြုခဲ့ကြသည်။

အာဆီယံရေတပ်ဦးစီးချုပ်များအစည်းအဝေး၏ (၁၉)ကြိမ်မြောက်အစည်းအဝေးအား မလေးရှားနိုင်ငံမှ အလှည့်ကျအိမ်ရှင်အဖြစ်လက်ခံကျင်းပသွားမည်ဖြစ်၍ မလေးရှားနိုင်ငံကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်အား တာဝန်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတက်ရောက်ခဲ့သည့် အာဆီယံရေတပ်ဦးစီးချုပ်များနှင့် ကိုယ်စားလှယ်အဖွဲ့များသည် နေပြည်တော်နှင့် ရန်ကုန်မြို့တို့၌ လေ့လာလည်ပတ်မှုများပြုလုပ်ခဲ့ကြပြီးနောက် ယနေ့ အောက် တိုဘာ ၁၁ ရက်နံနက်ပိုင်းတွင် နေပြည်တော်မှပြန်လည်ထွက်ခွာသွားခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here