ပုသိမ်လေဆိပ်သို့ လာမည့် အောက်တိုဘာ ၁၃ ရက်မှစတင်၍ လေကြောင်းလိုင်းနှစ်ခုက ပျံသန်းပြေးဆွဲမည်

0
18

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ ပုသိမ်လေဆိပ်သို့ ပို့ ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ လာမည့် အောက်တိုဘာ ၁၃ ရက်မှစတင်၍ လေ ကြောင်းလိုင်းနှစ်ခုက ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနထံမှ သိရသည်။

မြန်မာအမျိုးသားလေကြောင်း(MNA)မှ ရန်ကုန် -ပုသိမ်-ညောင်ဦး-မန္တလေးခရီးစဥ်အား တနင်္ဂနွေ နေ့နှင့် မန္တလေး-ညောင်ဦး-ပုသိမ်-ရန်ကုန်ခရီးစဥ်အား တနင်္လာနေ့တို့တွင် (ATR)အမျိုးအစားလေယာဥ်ဖြင့် ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI)/မင်္ဂလာလေကြောင်းမှလည်း (ATR)အမျိုးအစားလေယာဥ်ဖြင့် ရန်ကုန်-ပုသိမ်-ညောင်ဦး -မန္တလေးခရီးစဥ်အား ကြာသာပတေးနေ့နှင့် မန္တလေး-ညောင်ဦး-ပုသိမ်-ရန်ကုန်ခရီးစဥ်အား သောကြာနေ့တို့တွင် ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပုသိမ်လေဆိပ်သို့ ခရီးသည်လေယာဥ်များစတင်ပျံသန်းပြေးဆွဲနိုင်ရေးနှင့်ပတ်သက်၍ ဧရာဝတီတိုင်းဝန်ကြီးချုပ်မှ လေယာဥ်များပျံသန်းပြေးဆွဲရာ၌ လုံခြုံရေးကိုအထူးဂရုပြုရန်၊ ပုသိမ်လေဆိပ်သို့ ခရီးသည်လေယာဉ်များပျံသန်းပြေးဆွဲမှုများကို အများပြည်သူကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးဆောင်ရွက်ရန်တို့အား မှာကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here