အရှေ့တီမောအာဆီယံအဖွဲ့ဝင်ဖြစ်ရန်အမြန်ဆုံးလုပ်ဆောင်မည်,–အာဆီယံ

0
51
East Timor's Prime Minister Xanana Gusmao gestures as he arrives to attend the gala dinner during the 44th and 45th Association of Southeast Asian Nations (ASEAN) Summits in Vientiane on October 10, 2024. (Photo by TANG CHHIN SOTHY / POOL / AFP)

ဗီယန်ကျင်း၊အောက်တိုဘာ ၁၁

အရှေ့တီမောနိုင်ငံကို ၁၁ နိုင်ငံမြောက် အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံရေးလုပ်ငန်းစဉ်ကို အရှိန်မြှင့်လုပ်ဆောင်ရန် အရှေ့တောင်အာရှ ၁၀ နိုင်ငံခေါင်းဆောင်များက သဘောတူလက်ခံခဲ့ကြကြောင်း သံတမန်များကပြောကြားခဲ့သည်။

ဗီယန်ကျင်းမြို့၌ ကျင်းပပြုလုပ်နေသည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် ခေါင်းဆောင်များက ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ပြီး အဖွဲ့ဝင်ဖြစ်ရေးအတွက် သတ်မှတ်ထားသည့် အချို့သောစည်းမျဉ်းစည်းကမ်းများကို လျှော့ပေါ့ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

နစ်ကေးအေးရှားသတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့သည့် သံတမန်အတော်များများသည် အရှေ့တီမောအနေဖြင့် အာဆီယံအဖွဲ့ဝင်အဖြစ် လာမည့် ၂၀၂၅ သို့ မဟုတ် ၂၀၂၆ ခုနှစ်များတွင် ဖြစ်လာနိုင်ခြေရှိကြောင်းသုံးသပ်ပြောကြားခဲ့ကြသည်။

“အခြားပူးပေါင်းဆောင်ရွက်မှုတွေထဲမှာပဲ အာဆီယံခေါင်းဆောင်တွေအနေနဲ့ အရှေ့တီမော ဟာ တရားဝင်အာဆီယံအဖွဲ့ဝင်ဖြစ်လာဖို့ တတ်နိုင်သ‌ေလာက်အမြန်ဆုံးဆောင်ရွက်နေပါတယ်” ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။

အရှေ့တီမောနိုင်ငံသည် ၂၀၁၁ ခုနှစ်မှစ၍ အာဆီယံအဖွဲ့ဝင်ဖြစ်ရေးအတွက်လျှောက်ထားခဲ့ပြီး လေ့လာသုံးသပ်နေရာမှ ၂၀၂၂ ခုနှစ်၊အာဆီယံအလှည့်ကျဥက္ကဌအဖြစ် ကမ္ဘောဒီးယား နိုင်ငံက တာဝန်ယူခဲ့ချိန်တွင် တရားဝင်စောင့်ကြည့်လေ့လာသူအဆင့် ကို သတ်မှတ်ပေးခဲ့သည်။

Source : နစ်ကေးအေးရှား


LEAVE A REPLY

Please enter your comment!
Please enter your name here