ကြံခင်းမြို့အနီး ဗဟိုပြုကာ ပြင်းအား (၃.၅) အဆင့်ရှိ ငလျင်ငယ် ထပ်မံလှုပ်ရှား

0
17

ဧရာဝတီတိုင်း‌ဒေသကြီး၊ ကြံခင်းအနောက်‌မြောက်ဘက် (၁၇) မိုင်အကွာကို ဗဟိုပြု၍ ပြင်းအား မဂ္ဂနီကျု (၃.၅) အဆင့်ရှိ မြေငလျင်ငယ်တစ်ခု ယမန်နေ့ အောက်တိုဘာ (၁၁) ရက် ည (၈)နာရီ (၃၆)မိနစ်အချိန်က ထပ်မံလှုပ်ရှားသွားခဲ့ကြောင်း မြေငလျင်သတင်းများစင်တာ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ငလျင်ငယ်သည် မြန်မာနိုင်ငံပြည်တွင်း၊ ဧရာဝတီတိုင်း‌ဒေသကြီး ဟင်္သာတအနောက်မြောက်၊ ပြည်မြို့မှ အနောက်တောင်ဘက်ပိုင်း (၂၈) မိုင်၊ ကြံခင်းအနောက်‌မြောက်ဘက် (၁၇) မိုင်အကွာ၊ တုံကင်းကျေးရွာကို ဗဟိုပြုကာ မြေအောက်အနက် (၄) မိုင်ခန့်မှ လှုပ်ရှားသွားခဲ့ခြင်းဖြစ်ကြောင်း မြေငလျင်သတင်းများစင်တာမှ တိုင်းထွာချက်အရ သိရသည်။

ထို့ပြင် အောက်တိုဘာ (၁၁) ရက်၊ နံနက် (၁၁)နာရီ (၁၀)မိနစ်အချိန်ကလည်း မြန်မာနိုင်ငံပြည်တွင်း၊ မန္တ‌လေးတိုင်းဒေသကြီး ရွှေဘိုမြို့မှ မြောက်ဘက်ပိုင်း (၃၃) မိုင်ခန့်အကွာ၊ ခင်ဦးမြို့အရှေ့‌မြောက် (၂၅) မိုင်ခန့်ဝေးသည့် သာယာမွန်ဘုန်းကြီး‌ကျောင်းအနီး မြေအောက်အနက် (၆.၂) မိုင်ခန့်ကို ဗဟိုပြုကာ မဂ္ဂနီကျု ၄.၉ အဆင့် ငလျင်ငယ် လှုပ်ရှားသွားခဲ့ကြောင်းလည်း သိရသည်။

အဆိုပါ မြေငလျင် မလှုပ်ရှားစဉ် မြေငလျင်ကြိုအဖြစ်အောက်တိုဘာ (၁၁) ရက်၊ နံနက် (၁၀)နာရီ (၄၉)မိနစ်အချိန်က မိုးကုတ်မြို့မှ အနောက်ယွန်းယွန်း (၂၅) မိုင်ခန့်အကွာ၊ (၆) မိုင်ဘုန်းကြီးကျောင်းအနီးက မြေအောက်အနက် (၆) မိုင်မှ မဂ္ဂနီကျု (၃.၈) အဆင့်ရှိ မြေငလျင်ငယ်မှာ နာရီခြား လှုပ်ရှားသွားခဲ့သေးကြောင်း တိုင်းထွာချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here