ဆိုးလ်က ပြုံယမ်းပိုင်နက်ထဲ ဒရုန်းလွှတ်တင်သည်ဟု မြောက်ကိုရီးယားစွပ်စွဲ

0
36
This picture taken on September 9, 2024 and released by North Korea's official Korean Central News Agency (KCNA) via KNS on September 10, 2024 shows North Korean leader Kim Jong Un delivering a speech on the 76th anniversary of the founding of the DPRK, at the headquarters of the Party Central Committee in Pyongyang. (Photo by KCNA VIA KNS / AFP)

ဆိုးလ်၊အောက်တိုဘာ ၁၁

ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ (မြောက်ကိုရီးယား) နိုင်ငံခြားရေးဝန်ကြီးဌာနက တောင်ကိုရီးယားသည် ပြုံယမ်းပိုင်နက်ထဲသို့ ဒရုန်းများစေလွှတ်ခဲ့သည်ဟု သောကြာနေ့ကပြောကြားခဲ့ကြောင်း အစိုးရ သတင်းဌာန KCNA ၏ သတင်းတစ်ပုဒ်အရသိရသည်။

တောင်ကိုရီးယားသည် အောက်တိုဘာ ၃ ရက်၊၉ ရက်နှင့် ၁၀ ရက်နေ့များတွင် မြောက်ကိုရီးယားဆန့်ကျင်ရေးလက်ကမ်းစာစောင်များကိုကြဲချရန်အတွက် ဒရုန်းများကိုအသုံးပြုခဲ့ခြင်းဖြစ်သည်ဟုလည်း ပြုံယမ်းနိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာညနေကပြောကြားခဲ့သည်။

ဝန်ကြီးဌာန၏ကြေငြာချက်၌ မြောက်ကိုရီးယာဝေဟင်ပိုင်နက်ကိုချိုးဖောက်ခြင်းသည် ပြုံယမ်း၏အချုပ်အခြာအာဏာကိုထိပါးစော်ကားသည့်လုပ်ရပ်ဖြစ်ကာ ကြီးမားသည့်ရန်စမှုလည်းဖြစ်ကြောင်းဆိုကာ ရှုုံ့ချခဲ့ပြီး မြောက်ကိုရီးယားစစ်တပ်ကပြင်ဆင်မှုများပြုလုပ်နေပြီဟုလည်း‌ကြေငြာချက်တွင်ဖော်ပြခဲ့သည်။

သို့သော် တောင်ကိုရီးယားစစ်တပ်ကမူ ပြုံယမ်းဘက်သို့ ဒရုန်းများလွှတ်တင်ခဲ့ခြင်းမရှိကြောင်း တုန့်ပြန်ပြောကြားခဲ့ပြီး မြောက်ကိုရီးယား၏စွပ်စွဲချက်အကိုငြင်းပယ်ခဲ့ပြီး ယင်းကဲ့သို့ပြုလုပ်ခဲ့ခြင်းမရှိကြောင်းလည်း တောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ်များက သတင်းထုတ်ပြန်ကြေငြာခဲ့ကြောင်း ယန်ဟပ်သတင်းဌာနက‌ ပြောကြားခဲ့သည်။

Source : ရှင်းဟွာ


LEAVE A REPLY

Please enter your comment!
Please enter your name here