စက်တင်ဘာလတွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန် (၂၁၀၀၀၀) ကျော်တင်ပို့ခဲ့ပြီး ကန်ဒေါ်လာ ၁၀၄ သန်းရရှိထား

0
39

ပြီးခဲ့သည့် စက်တင်ဘာလတွင် ပြည်ပသို့ ဆန်တန်ချိန် (၂၁၀၀၀၀) ကျော်တင်ပို့မှုမှ ကန်ဒေါ်လာ (၁၀၄) သန်းရရှိထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည့်အချက်အလက်များအရ သိရသည်။

ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တင်ပို့ရာတွင် ကုမ္ပဏီ (၆၂) ခုမှ ဆန်တန်ချိန် (၁၄၀၀၀၀) ကျော်၊ ဆန်ကွဲတန်ချိန် (၇၅၀၀၀) ကျော်ကို အင်ဒိုနီးရှား၊ တရုတ်၊ ဖိလစ်ပိုင်၊ ကင်မရွန်း ၊ ပိုလန်၊ ဗီယက်နမ်နှင့် နယ်သာလန်သို့ တင်ပို့ခဲ့ကြောင်း သိရသည်။

လအလိုက်တင်ပို့မှုကို နှိုင်းယှဉ်ကြည့်ပါက စက်တင်ဘာလတွင် တင်ပို့မှုအများဆုံးဖြစ်ပြီး မေလတွင် တင်ပို့မှုအနည်းဆုံးဖြစ်ကြောင်း သိရသည်။

၂၀၂၄ -၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ပနိုင်ငံများသို့ ဆန်နှင့် ဆန်ကွဲတင်ပို့မှု အနေဖြင့် ဧပြီလတွင် (၁၁၁၈၆၂) မက်ထရစ်တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၅၅) သန်း၊ မေလတွင် (၇၁၂၇၉ ဒသမ ၅) မက်ထရစ်တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၃၆) သန်း၊ ဇွန်လတွင် (၁၆၂၃၂၅၇၅) မ က်ထရစ်တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၈၄) သန်း၊ ဇူလိုင်လတွင် (၁၆၅၄၄၄ ဒသမ ၃) မက်ထရစ်တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၈၁) သန်း၊ ဩဂုတ်လတွင် (၂၀၇၃၆၉ ဒသမ ၉) မက်ထရစ်တန်တင်ပို့မှုမှ ကန်ဒေါ်လာ (၉၇) သန်း၊ စက်တင်ဘာလတွင် (၂၁၉၅၆၅ ဒသမ ၁၃)မက်ထရစ်တန်တင်ပို့မှုမှ ကန်ဒေါ်လာ (၁၀၄) သန်းရရှိထားကြောင်း သိရသည်။

ထို့ပြင် ယခုဘဏ္ဍာနှစ်အတွင်း ဆန်နှင့် ဆန်ကွဲတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း (၁၀၀၀) ကျော်ရရှိရန် မျှော်မှန်းထားကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here