ဒု-ကြိမ် မြန်မာဘောက်ဆင်ပြိုင်ပွဲ တွဲဆိုင်း (၇)ဆိုင်း ယှဉ်ပြိုင်ထိုးသ -တ်မည်

0
15

မြန်မာဘောက်ဆင်ကော်မရှင်မှ ဒုတိယအကြိမ် စီစဉ်သည့် ဘောက်ဆင်ပြိုင်ပွဲကို အောက်တိုဘာ (၂၆)ရက်တွင် ရန်ကုန်မြို့၊ သိမ်ဖြူရုံတွင်ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါပွဲစဉ်အတွင်း တွဲဆိုင်း (၇)ဆိုင်း ယှဉ်ပြိုင်ထိုးသ-တ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲအား နိုင်ငံတကာ Professional Boxing စည်းမျဉ်းစည်းကမ်းများအတိုင်း ကျင်းပသွားမည်ဖြစ်ကာ ကမ္ဘာ့ဘောက်ဆင်နှင့် ဂျပန်ဘောက်ဆင်ကော်မရှင်တာဝန်ရှိသူများက စစ်ဆေးကြပ်မတ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယှဉ်ပြိုင်မည့် ကစားသမားများစာရင်းကို မကြာမီရက်ပိုင်းအတွင်း အသိပေးထုတ်ပြန်သွားမည်ဖြစ်ကြောင်းနှင့် ပြိုင်ပွဲအတွင်း ပထမအကြိမ်ယှဉ်ပြိုင်ထိုးသ-တ်ခဲ့သည့် ကစားသမားများလည်း ပါဝင်မည်ဖြစ်သလို ယခု ဒုတိယပွဲစဉ်အတွက်ရွေးချယ်ထားသော ကစားသမားများလည်း ပါဝင်မည်ဖြစ်ကြောင်း အသိပေးထားသည်။

မြန်မာဘောက်ဆင်ကော်မရှင်အနေဖြင့် ပထမအကြိမ် ဘောက်ဆင်ပြိုင်ပွဲကို ပြီးခဲ့သည့် ဩဂုတ်လအတွင်းက ကျင်းပခဲ့သည်။

မြန်မာဘောက်ဆင်ကော်မရှင်အနေဖြင့် ယခုအောက်တိုဘာလအတွင်း ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပမည့် Professional Boxing ပြိုင်ပွဲနှင့် ၂၀၂၅ ခုနှစ်အတွင်းဂျပန်နိုင်ငံ၌ ကျင်းပမည့် JBC ပြိုင်ပွဲများတွင် မြန်မာဘောက်ဆင်ကစားသမားများ ပါဝင်ယှဉ်ပြိုင်နိုင်ရန် စီစဉ်ထားရှိကြောင်း သိရသည်။

ဓာတ်ပုံ- MBC


LEAVE A REPLY

Please enter your comment!
Please enter your name here