ရှမ်းယူနိုက်တက် တိုက်စစ်မှုး ကောင်းမြတ်သူကို မဟာယူနိုက်တက်အသင်းသို့ အငှားစေလွှတ်

0
19

ရှမ်းယူနိုက်တက် တိုက်စစ်မှုး ကောင်းမြတ်သူကို မဟာယူနိုက်တက်အသင်းသို့ အငှားစေလွှတ်ထားကြောင်း ယနေ့အောက်တိုဘာ (၁၂) ရက်တွင် ရှမ်းယူနိုက်တက်အသင်းက အသိပေးထားသည်။

အသက်(၂၅)နှစ် အရွယ် ကောင်းမြတ်သူသည် အထောင် တိုက်စစ်မှူးနေရာနှင့် တောင်ပံကစားသမားနေရာများ၌ ကစားနိုင်သူဖြစ်ပြီး၊ ရှမ်းယူနိုက်တက်အသင်း ကစားသမား ဘဝတွင် သွင်းဂိုး (၂) ဂိုး ရရှိခဲ့သူဖြစ်သည်။

“အသင်းသစ်မှာ အောင်မြင်မှုအသစ်တွေ ထပ်မံ ရရှိပါစေလို့ ဆုတောင်းလိုက်ပါတယ်”ဟု ရှမ်းယူနိုက်တက်က ဆုတောင်းစကားဆိုထားသည်။

၎င်းသည် ၂၀၂၄ – ၂၅ ဘောလုံးရာသီ မစခင် ရှမ်းယူနိုက်တက်အသင်းသို့ ရောက်ရှိခဲ့ခြင်း ဖြစ်ပြီး၊ အသင်း၏ ချန်ပီယံ လုပွဲများအတွင်း ပါဝင်ခဲ့သူဖြစ်သလို MNL Cup ၊ AFF Shopee Cup ၊ MNL ပြိုင်ပွဲများ၌ ပါဝင်ယှဉ်ပြိုင်ခဲ့သူ တစ်ဦးဖြစ်သည်။

လက်ရှိယှဉ်ပြိုင်ကစားနေသည့် MNL U-20 Youth League 2024 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် အသင်း (၁၃)သင်း ဝင်ရောက်ယှဉ်ပြိုင်နေရာ မဟာယူနိုက်တက်အသင်းအနေဖြင့် ရမှတ်(၁၁)မှတ်ဖြင့် အမှတ်ပေးဇယားအဆင့်(၁၂)တွင်ရပ်တည်နေပြီး၊ ရှမ်းယူနိုက်တက်အသင်းအနေဖြင့် ရမှတ် (၃၉)မှတ်ဖြင့် အမှတ်ပေးဇယား အဆင့်(၁)တွင် ရပ်တည်နေသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here