ကိုယ်ခံစွမ်းအားကျရောဂါဖြစ်ပွားမှုမျာလာ၍ဖိလစ်ပိုင်စိုးရိမ်နေ

0
21

မနီလာ၊အောက်တိုဘာ ၁၁

ဖိလစ်ပိုင်နိုင်ငံ၏ကျန်းမာရေးဝန်ကြီးဌာနသည် နိုင်ငံတွင်း၌ ကိုယ်ခံစွမ်းအားကျ ရောဂါ ကျွမ်းနေသူများလာခြင်းကို စိုးရိမ်မကင်းဖြစ်နေကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ဖိလစ်ပိုင်ကျန်းမာရေးဝန်ကြီးဌာန၏ထုတ်ပြန် ကြေငြာချက်အရ နိုင်ငံအတွင်း ရောဂါကျွမ်း‌နေသူပေါင်း ၄၀,၉၃၄အထိ ရှိလာကာ ၁၉၈၄ ခုနှစ်မှစ၍ ယခုအထိဝေဒနာရှင် စုစုပေါင်း၏ သုံးဆယ်ရာခိုင်နှုန်းအထိ ရှိလာပြီဖြစ်ကြောင်းသိရသည်။

လူနာအများစုသည် အချိန်လွန်မှသိပြီး ရောဂါကျွမ်းနေပြီဖြစ်သဖြင့် အန္တရာယ်များသည် ဟုလည်း ကျန်းမာရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန်ကပြောကြားခဲ့သည်။

ဖိလစ်ပိုင်၌ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှဩဂုတ်လအတွင်း HIV ရောဂါကြောင့်‌ေ-သဆုံးသူ ၄၆၄ ဦးရှိခဲ့ပြီး ၎င်းတို့အနက် ၂၈ ဦးသည် ဩဂုတ်လတစ်လတည်းတွင်‌ေ-သဆုံးခဲ့ကြခြင်းဖြစ်ကြောင်းလည်းသိရသည်။ ‌ေ-သဆုံးသူများသည် များသောအားဖြင့် အသက် ၂၅ မှ ၃၄ နှစ်ကြားအမျိုးသားများဖြစ်ကြသည်ဟုလည်းဆိုသည်။

အချိန်လွန်မှသိရခြင်းများကလည်း ‌ေ-သဆုံးနှုန်းကိုပိုမိုမြင့်တက်စေခဲ့ပြီး ၁၉၈၄ ခုနှစ်မှစ၍ ‌ေ-သဆုံးသူအရေအတွက်သည် ၈,၂၄၆ အထိရှိလာ‌ကြောင်းသိရသည်။ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်‌ကြေငြာချက်များအရ အာရှနှင့်ပစိဖိတ်ဒေသတွင် ဖိလစ်ပိုင်သည် HIV အဖြစ်အများဆုံးနိုင်ငံဖြစ်လာခဲ့သည်ဟုသိရသည်။

၂၀၁၃ ခုနှစ်က နေ့စဉ်ရောဂါစစ်ဆေးတွေ့ရှိမှုသည် ၁၃ ဦးသာရှိခဲ့ရာမှ ၂၀၂၃ တွင် နေ့စဉ်ရောဂါတွေ့ရှိသူအရေအတွက် ၄၈ ဦးအထိမြင့်တက်လာပြီး ယခု ၂၀၂၄ ခုနှစ်တွင် နေ့စဉ်တွေ့ရသည့်ပမာဏသည် ၅၈ ဦးအထိမြင့်တက်လာခဲ့သည်ဟုလည်းသိရသည်။

Source : ရှင်းဟွာ


LEAVE A REPLY

Please enter your comment!
Please enter your name here