ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် MSME ထုတ်ကုန် သီတင်းကျွတ်ဈေးရောင်းပွဲတော်နှင့် ဂီတပွဲတော်ကျင်းပမည်

0
22

ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် အောက်တိုဘာ (၁၆) ရက်မှ (၁၈)ရက်အထိ ၃ ရက်ကြာ MSME ထုတ်ကုန် သီတင်းကျွတ်ဈေးရောင်းပွဲတော်နှင့် ဂီတပွဲတော်ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲတော်ဖြစ်မြောက်ရေးကော်မတီက အောက်တိုဘာ ၁၁ ရက်က ကြေညာထားသည်။

သီတင်းကျွတ်ဈေးရောင်း ပွဲတော်ကာလအတွင်း စတုဒီသာ ကျွေးမွေးမှုများ၊ ရုပ်ရှင်၊ သဘင်၊ ဂီတနယ်ပယ်တို့တွင် ကျော်ကြားသည့် အနုပညာရှင်များ၏ ဖျော်ဖြေမှုများကို ကြည့်ရှုခံစားနိုင်မည်ဖြစ်ပြီး လာရောက်သူများသွားလာရေးလွယ်ကူစေရန်အတွက် အကြို/အပို့ကားများကိုလည်း စီစဉ်ထားသည်ဟု ဆိုသည်။

ဈေးရောင်းပွဲတော်ကို နံနက်(၈)နာရီမှ ည (၁၀) နာရီအထိ ဆိုင်ခန်းပေါင်း ၄၂ ၀ တွင် စက်မှုထုတ်ကုန်နှင့်ရေထွက်ကုန်ပစ္စည်းများကို ရောင်းချသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ထွက်ကုန်ပစ္စည်းများလည်း ပွဲတော်အတွင်း ပြသရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် သီတင်းကျွတ်လပြည့်နေ့တွင် မီးရှူး၊ မီးပန်းများ ပစ်ဖောက်မည်ဖြစ်သောကြောင့် မည်သူမဆို ပျော်ရွှင်စွာ လာရောက်ဆင်နွှဲနိုင်ကြောင်း အသိပေးထားသည်။

ပုံစာ -၂၀၂၃ ခုနှစ်ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် MSME ထုတ်ကုန် သီတင်းကျွတ်ဈေးရောင်းပွဲတော်နှင့် ဂီတပွဲတော်ကျင်းပသည့် ပုံရိပ်များ


LEAVE A REPLY

Please enter your comment!
Please enter your name here