မျက်စိဝေဒနာအတွက် က‌မ္ဘောဒီးယားကို ဒေါ်လာ ၂ သန်း‌ထောက်ပံ့မည်–ယူဆေ့ဒ်

0
19

ဖနွမ်းပင်၊အောက်တိုဘာ ၁၂

အောက်တိုဘာ ၁၁ ရက်တွင်ကျရောက်သော “ကမ္ဘာ့အမြင်အာရုံနေ့” (World Sight Day) တွင် ယူဆေ့ဒ် သည် အခြားအလှူရှင်များအပါအဝင် ကမ္ဘောဒီးယားတော်ဝင်အစိုးရနှင့်ပူးပေါင်း၍ ကမ္ဘောဒီးယားနိုင်ငံသားများအတွက် မျက်စိ‌ဝေဒနာစောင့်ရှောက်မှု တိုးတက်ကောင်းမွန်‌ရေးကို ဆောင်ရွက်ရန် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၂ သန်း ထောက်ပံ့မည်ဖြစ်ကြောင်းကြေငြာခဲ့သည်။

ယူဆေ့ဒ်၊ ဖရက်ဒ်ဟောလို့စ် ဖောင်ဒေးရှင်းနှင့် ကမ္ဘောဒီးယားတော်ဝင်အစိုးရတို့သည် Scaling Up Refractive Error Services Phase II စီမံကိန်းကို အောက်တိုဘာလ ၁၀ ရက်နေ့က အစိုးရဝန်ကြီးဌာနများစွာနှင့် အခမ်းအနားဖြင့်စတင်ခဲ့ကြောင်းသိရသည်။

အဆိုပါ စီမံချက်အတွက် ယူဆေ့ဒ် ၏ စုစုပေါင်းပံ့ပိုးကူညီမှုသည် ယခုခြောက်နှစ်အတွင်း ဒေါ်လာ ၄ ဒသမ ၄ သန်းအထိရှိခဲ့ပြီး အခြားအလှူရှင်များသည် ဖရက်ဒ်ဟောလို့စ် ဖောင်ဒေးရှင်းမှတစ်ဆင့် ဒေါ်လာ ၂ ဒသမ ၁ သန်းလှူဒါန်းထားကြောင်းသိရသည်။

ယနေ့အထိ အဆိုပါ စီမံချက်သည် ကလေ-း၊ လူကြီး ၃၄၀,၀၀၀ ကို မျက်စိစစ်ဆေးခြင်းနှင့် မျက်မှန်များပေးခြင်း၊မျက်စိကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် ဆရာ၊ဆရာမ ၁,၀၀၀ ကျော်ကို လေ့ကျင့် သင်ကြားပေးခြင်း၊ကလေ-းနှင့် လူကြီး သုံးသန်းကျော်အတွက် ပညာပေးသင်တန်းများ ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်းသိရသည်။

Source : ခမာတိုင်းမ်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here