တောင်ဒဂုံ မြို့နယ်တွင် လမ်းလျှောက်လာသူ အမျိုးသား (၂)ဦးထံမှ စိတ်ကြွရူးသွပ်ဆေး အပြား (၇၀၀၀၀) ဖမ်းဆီးရမိ

0
39

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် လမ်းလျှောက်လာသူ အမျိုးသား (၂)ဦးထံမှ ကျပ်သိန်း (၇၀၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေး အပြား (၇၀၀၀၀) ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

အောက်တိုဘာ (၉) ရက်၊ နေ့လယ် (၂)နာရီခွဲအချိန်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၉)ရပ်ကွက်၊ မြိတ်လမ်းတွင် လမ်းလျှောက်လာသူ သက်ဇော်ဦး နှင့် သိန်းဝင်း(ခ)တရုတ်ကြီးတို့အား စစ်ဆေးရှာဖွေခဲ့ကြောင်း ထုတ်ပြန်သည်။

၎င်းတို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား (၇၀,၀၀၀) ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း (၇၀၀)နှင့် လက်ကိုင်ဖုန်း (၂) လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ သက်ဇော်ဦး(၃၀)နှစ် နှင့် သိန်းဝင်း(ခ)တရုတ်ကြီး(၁၉)နှစ်တို့အား ဒဂုံမြို့သစ် တောင်ပိုင်းမြို့မ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သတင်းထုတ်ပြန်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here