အစ္စရေး၊ ယူကရိန်းစစ်ပွဲများဆိုင်ရာ စစ်တမ်းတွင် ထရမ့်ပ်က ဟဲရစ်ကို ဦးဆောင်

0
48
(COMBO) This combination of pictures created on October 01, 2024 shows, L-R, Former US President and Republican presidential candidate Donald Trump arriving to speak during a campaign event at Dane Manufacturing in Waunakee, Wisconsin, October 1, 2024 and US Vice President and Democratic presidential candidate Kamala Harris gesturing as she leaves the stage after speaking during a campaign rally in Douglas, Arizona, on September 27, 2024. - (Photo by KAMIL KRZACZYNSKI and Rebecca NOBLE / AFP)

ယူကရိန်းနှင့် အရှေ့အလယ်ပိုင်းစစ်ပွဲများကာလအတွင်း ရီပတ်ဘလီကန် သမ္မတဟောင်းထရမ့်ပ်သည် ဒီမိုကရက်တစ် ဒုတိယသမ္မတ ကင်မလာဟဲရစ်ထက် တိုင်းပြည်ကို ပိုမိုကောင်းမွန်စွာ ထိန်းကျောင်းသွားနိုင်မည့်သူအဖြစ် နှာတစ်ဖျားအသာရခဲ့သည်ဟု ဝေါလ်စထရိဂျာနယ်က အကြိတ်အနယ်ယှဉ်ပြိုင်ရလေ့ရှိသည့် ပြည်နယ်ခုနစ်ခုတွင် ကောက်ယူခဲ့သော စစ်တမ်းအရ သိရသည်။

သောကြာနေ့တွင် ထုတ်ပြန်ခဲ့သည့် လူထုသဘောထားစစ်တမ်း ထောက်ခံချက်ပေးမှုများကို ခြုံငုံတွက်ဆမှုအရ ဟဲရစ်နှင့် ထရမ့်ပ်တို့သည် နိုဝင်ဘာလ သမ္မတရွေးကောက်ပွဲကို အဆုံးအဖြတ်ပေးနိုင်သည့် အဆိုပါပြည်နယ်ခုနစ်ခုတွင် ဘက်မျှနေသည့် အနေအထားဖြစ်ခဲ့သည်။

စစ်တမ်းတွင် ဟဲရစ်သည် အရီဇိုးနား၊ ဂျော်ဂျီယာနှင့် မီချီဂန်ပြည်နယ်တို့တွင် ၂ ရာခိုင်နှုန်းစီအသာရခဲ့ပြီး ထရန့်က နီဗားဒါးတွင် ၆ ရာခိုင်နှုန်းနှင့် ပင်ဆယ်ဗေးနီးယားတွင် ၁ ရာခိုင်နှုန်း အသာရခဲ့ကာ မြောက်ကာရိုလိုင်းနားနှင့် ဝစ္စကွန်ဆင်ပြည်နယ်တို့တွင်မူ နှစ်ယောက်သား တူမျှနေခဲ့သည်။ စစ်တမ်းကို ပြည်နယ်အသီးသီးရှိ မဲစာရင်းဝင်ထားသူ ၆၀၀ စီအား စက်တင်ဘာ ၂၈ ရက်မှ အောက်တိုဘာ ၈ ရက်အတွင်း ကောက်ယူခဲ့ခြင်းဖြစ်ကာ ပြည်နယ်အသီးသီးတွင် ပယ်ဖျက်ရသည့် ဆန္ဒပေးမှု ၄ ရာခိုင်နှုန်းစီရှိခဲ့သည်ဟုဆိုသည်။

အမေရိကန်နိုင်ငံသားများအနေဖြင့် သမ္မတလောင်းနှစ်ဦးအကြား ရွေးချယ်ရေးတွင် စီးပွားရေး၊ လူဝင်မှုကြီးကြပ်ရေး၊ အမျိုးသမီးအခွင့်အရေးနှင့် နိုင်ငံ၏ ဒီမိုကရေစီ စံတန်ဖိုးများဆိုင်ရာ စိုးရိမ်သောကများနှင့် ဗျာများနေရသောကြောင့် နိုဝင်ဘာ ၅ ရက်ရွေးကောက်ပွဲမတိုင်မီ ပြင်းထန်သော ပြိုင်ပွဲကို ထင်ဟပ်စေသည့် အခြားစစ်တမ်းများကဲ့သို့ပင် ယခုစစ်တမ်းကလည်း သူမသာ ကိုယ်မသာ အခြေအနေပင် ထွက်ပေါ်ခဲ့သည်။

ယခုသီတင်းပတ်အတွင်းက Reuters/Ipsos စစ်တမ်းတစ်ခုအရ ထရမ့်ပ်နှင့် ဟဲရစ်တို့သည် တစ်နိုင်ငံလုံးအတိုင်းအတာ ပြိုင်ဆိုင်မှုတွင် ကွာဟချက်ကျဉ်းမြောင်းခဲ့ပြီး ဟဲရစ်က ထောက်ခံချက် ၄၆ ရာခိုင်နှုန်းနှင့် ထရမ့်ပ်က ၄၃ ရာခိုင်နှုန်းရရှိခဲ့သည်။

Ref: ယူအက်စ်နူးစ်


LEAVE A REPLY

Please enter your comment!
Please enter your name here