မိုးဆိုင်ရာသဘာဝဘေးများကြောင့် သီရိလင်္ကာ၌ လူ ၂၂,၀၀၀ ခန့်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့

0
20
Residents wade through a flooded street after heavy rainfall in Kaduwela on the outskirts of Colombo on June 3, 2024. - Flash floods, mudslides and falling trees have killed at least 14 people in Sri Lanka as the island nation is battered by monsoon storms, the country's disaster centre said on June 2. (Photo by Ishara S. KODIKARA / AFP)

ကိုလံဘို၊အောက်တိုဘာ ၁၂

သီရိလင်္ကာနိုင်ငံ၌ မကြာသေးမီက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံခြင်း၊လေပြင်းတိုက်ခတ်မှု၊သစ်ပင်လဲကျမှုနှင့် မိုးကြိုးပစ်ခြင်းစသည့် မိုးနှင့်ဆက်စပ်သည့် သဘာဝဘေးအန္တရာယ်များကြောင့် သီရိလင်္ကာနိုင်ငံသား ၂၂,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း နိုင်ငံ‌တော်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဗဟိုဌာန(DMC) ၏အဆိုအရသိရသည်။

စနေနေ့က ထုတ်ပြန်ခဲ့သည့် ၎င်း၏နောက်ဆုံးအခြေအနေအစီရင်ခံစာအရ အောက်တိုဘာ ၇ ရက်မှ ၁၂ ရက်နေ့နံနက်အထိ နိုင်ငံတစ်ဝန်းရှိ ခရိုင် ၁၁ ခုမှ မိသားစု ၅,၃၄၈ ၊လူပေါင်း ၂၂,၀၆၄ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြောင်းလည်းပြောကြားခဲ့သည်။

လက်ရှိအချိန်အထိ ရေပိတ်ဆို့နေသည့် လယ်ကွင်းအတွင်း လူတစ်ဦး ရေနစ်‌ေ-သဆုံးခဲ့ပြီး အိမ်ခြေ ၁၂၀ ပျက်စီးခဲ့ကြောင်း နိုင်ငံ‌တော်ဘေးအန္တရာယ်ဆိုစီမံခန့်ခွဲမှုဗဟိုဌာန၏ သတင်းထုတ်ပြန် ကြေငြာချက်အရသိရသည်။

Source : ရှင်းဟွာ


LEAVE A REPLY

Please enter your comment!
Please enter your name here