နှစ် ၈၀,၀၀၀ ကြာမှ တကြိမ်တွေ့ရသော ကြယ်တံခွန်ကိုမြင်ရမည်

0
45

နှစ် ၈၀,၀၀၀ ကြာမှသာတစ်ကြိမ်နေကိုလှည့်ပတ်သည့် အလင်းလက်ဆုံးကြယ်တံခွန်တစ်ခုကို ကမ္ဘာ့‌မြောက်ခြမ်း၌ အောက်တိုဘာ ၁၂ ရက်မှစကာ သာမန်မျက်စိဖြင့် မြင်နိုင်တော့မည်ဖြစ်ကြောင်းသိရသည်။

အဆိုပါကြယ်တံခွန်ကို Comet C/2023 A3 (Tsuchinshan – ATLAS) ဟုအမည်ပေးထားပြီး နောက်ထပ်တစ်ကြိမ်မြင်တွေ့နိုင်ရန် နှစ် ၈၀,၀၀၀ ကြာမြင့်မည်ဖြစ်သဖြင့် ကြယ်တံခွန်ကိုမြင်နိုင်မည့် နောက်ဆုံးအခွင့်အရေးဖြစ်သည်ဟုဆိုသည်။

ယခုကြယ်တံခွန်သည် နေအဖွဲ့အစည်းအစွန်ဘက်ရှိ Oort Cloud ရှိရာနေရာမှ နေအဖွဲ့အစည်းအတွင်းလှည့်ပတ်နေသည့် ကြယ်တံခွန်အမျိုးအစားတစ်ခုလည်းဖြစ်သည်။

Comet A3 ကို စက်တင်ဘာ ၂၇ နှင့်အောက်တိုဘာ ၂ ရက်နေ့များကလည်း တောင်နှင့်မြောက်ဝင်ရိုးစွန်းအလင်းတန်းများကြား ဖြတ်သွားသည်ကိုမြင်တွေ့ခဲ့ရသော်လည်း ယခုတစ်ကြိမ်သည် ပိုမိုနီးကပ်လာသဖြင့် နေဝင်ပြီးစအချိန် အနောက်အရပ်သို့ကြည့်ပါကသာမန်မျက်စိနှင့်လည်းမြင်ရမည်ဖြစ်သည်။

ယခုကြယ်တံခွန်ကို မြောက်ပိုင်းကြယ် တဖြစ်လဲ ဓူဝံကြယ်နီးပါး လင်းလက်စွာဖြင့်ဖြတ်သန်းသွားမည်ကို ဝင်ရိုးစွန်းဒေသအလင်းတန်းများအကြား မြင်တွေ့ရမည်ဖြစ်ပြီး အောက်တိုဘာ ၂၀ ရက်နောက်ပိုင်းတွင်တွေ့ရတော့မည်မဟုတ်ဘဲ နောက်နှစ်ပေါင်း ၈၀,၀၀၀ ကြာမှသာ နောက်တစ်ကြိမ်ထပ်မြင်ရမည်ဟုလည်းဆိုသည်။

အဆိုပါကြယ်တံခွန်အား မြန်မာနိုင်ငံမှလည်းမြင်တွေ့နိုင်မည်ဖြစ်သော်လည်း အောက်တိုဘာသည် မြန်မာနိုင်ငံ၌ မိုးတွင်းကာလဖြစ်သဖြင့် မြင်နိုင်ဖို့အနည်းငယ်ခက်ခဲမည်ဆိုသော်လည်း တိမ်ကင်းစင်ပါက နေဝင်ပြီးပြီးချင်း အနောက်အရပ်သို့ကြည့်လျှင်မြင်နိုင်သည်ဟုလည်းသိရသည်။

နေအလင်းရောင်နည်းသည့်နေရာမှစောင့်ကြည့်မှသာလျှင် မြင်တွေ့နိုင်ခြေအခွင့်အရေးပိုများမည်ဖြစ်သည်ဟုလည်းသိရသည်။

Source : Forbes


LEAVE A REPLY

Please enter your comment!
Please enter your name here