ကျောင်းဆရာကို ကားနှင့်တိုက်မိပြီးမောင်းနှင်ထွက်ပြေးသူအား (၄၈)နာရီအတွင်းဖမ်းဆီးရမိခဲ့

0
65

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဗိုလ်ချုပ်လမ်းပေါ်တွင် ပြီးခဲ့သည့် အောက်တိုဘာ ၁၁ ရက်နံနက် ၇ နာရီခွဲခန့်က ဆိုင်ကယ်မောင်းနှင်လာသည့်ကျောင်းဆရာတစ်ဦးကို ကားနှင့်တိုက်မိပြီးမောင်းနှင်ထွက်ပြေးခဲ့သူအား (၄၈)နာရီအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့ရှိ ရှမ်းရှေ့တန်ဆောင် ကိုယ်ပိုင်အထက်တန်းကျောင်းမှကျောင်းဆရာတစ်ဦးဖြစ်သည့် ဦးတင်နိုင်ထွဋ်(၆၈)နှစ်သည် ဗိုလ်ချုပ်လမ်းအတိုင်း ဆိုင်ကယ်မောင်းနှင်လာစဉ် ပါလျှံရပ်ကွက်၊ ရွှေနဂါး(၈၈) အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်အနီးအရောက် Alphard (အမည်းရောင်)ကားတစ်စီးက နောက်မှဝင်တိုက်မိခဲ့သဖြင့် ထိခိုက်ဒဏ်ရာများရရှိထား၍ ဆေးရုံသို့ပို့ဆောင်စဉ်‌ေ-သဆုံးသွားခဲ့ကြောင်း သိရသည်။

ကျောင်းဆရာအားဝင်တိုက်မိခဲ့သည့် Alphard ကားမှာမောင်းနှင်ထွက်ပြေးသွားခဲ့သဖြင့် ၎င်းအားဖမ်းဆီးရမိရေးအတွက် ဟောင်လိတ်ရဲစခန်းက ယာဉ်(ပ)၁၄/၄ ပုဒ်မ- ၂၇၉/၃၀၄(က)/၂၁၂ တို့ဖြင့်အမှုဖွင့်ကာ စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။

ထို့ကြောင့် မောင်းနှင်ထွက်ပြေးသွားခဲ့သည့် Alphard ကားမှာ ဝမ်လုံးကျေးရွာအတွင်းရှိ နေအိမ်တစ်လုံးအတွင်း၌ရှိနေသဖြင့် အောက်တိုဘာ ၁၂ ရက်တွင် ရဲတပ်ဖွဲ့ဝင်များမှဝင်ရောက်စစ်ဆေးရာ အခင်းဖြစ်ချိန်ကကားမောင်းသူ စိုင်းကော်ခမ်း(၂၄)နှစ်အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးရမိခဲ့သဖြင့် ဥပဒေအရအရေးယူနိုင်ရန် တရားစွဲဆိုတင်ပို့ခြင်းလုပ်ငန်းများအား ဟောင်လိတ်ရဲစခန်းမှတာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

‌ေ-သဆုံးခဲ့သည့် ကျောင်းဆရာ၏ရုပ်အလေ-ာင်းအား ယနေ့ အောက်တိုဘာ ၁၃ ရက်နေ့လည် ၁ နာရီက မဟာမြတ်မုနိကျောင်းမှတစ်ဆင့် ပုံလို့သုဿန်သို့ပို့ဆောင်ကာ မီးသဂြိုလ်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here