တရားမဝင်ကုန်စည်များ ဖမ်းဆီးရမိမှုတွင် တိရစ္ဆာန်အစားအစာကုန်ကြမ်းများပါ တင်သွင်းလာသဖြင့် ပိုမိုစစ်ဆေးကြပ်မတ်သွားမည်ဖြစ်

0
28

နိုင်ငံတဝှမ်း အောက်တိုဘာ (၁၀) ရက်နှင့် (၁၁) ရက်တို့တွင် တရားမဝင်ကုန်စည်မျိုးစုံနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိမှု စုစုပေါင်း အမှုတွဲ (၁၇)မှု ရှိခဲ့ပြီး ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၇၃၀၀ ကျော် (၇၃၃,၈ ၆၆,၂၂၈ ကျပ်) ဖမ်းဆီးရမိခဲ့ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီထံမှ သိရသည်။

အဆိုပါ ဖမ်းဆီးရမိမှုများတွင် တိရစ္ဆာန်အစားအစာကုန်ကြမ်းများ တရားမဝင် တင်သွင်းလာသည်ကို တွေ့ရှိရသည်ဟု ဆိုသည်။

အရည်အသွေး မပြည့်ဝနိုင်သည့် တိရိစ္ဆာန်အစားအစာများကြောင့် နိုင်ငံအတွင်းရှိ မွေးမြူရေးလုပ်ကိုင်သည့် လုပ်ငန်းရှင်များ ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်နိုင်သကဲ့သို့ စားသုံးသူပြည်သူများလည်း ဘေးအန္တရာယ် ကြုံတွေ့နိုင်သည်ဟု ဆိုသည်။

ထို့ကြောင့် ၎င်းတရားမဝင်တင်သွင်းမှုများအား သက်ဆိုင်ရာတာဝန်ရှိသူများမှ ပိုမိုတားဆီးစစ်ဆေးကြပ်မတ်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here