လွိုင်ကော်ရှိ တက္ကသိုလ်များကို နိုဝင်ဘာ ၂၁ ရက်နှင့် ပညာရေးဒီဂရီကောလိပ်ကို လာမည့် အောက်တိုဘာ ၁၅ ရက်တွင်ပြန်လည်ဖွင့်လှစ်မည်

0
21

ကျောင်းဖွင့်ရာသီတွင် တက္ကသိုလ်၊ ကောလိပ်နှင့် သိပ္ပံကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲအား ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်ဦးဆောင်၍ အောက်တိုဘာ ၁၂ ရက်နံနက်ပိုင်းက ကွန်ပျူတာတက္ကသိုလ် (လွိုင်ကော်)၌ကျင်းပခဲ့သည်။

ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများအနေဖြင့် ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရန် စီမံပေးနေကာ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၏ လုံခြုံရေး၊ နေထိုင်စားသောက်ရေး၊ ပညာသင်ကြားရေးတို့ကိုလည်း စနစ်တကျဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်ဟု ပြောကြားခဲ့သည်။

နည်းပညာတက္ကသိုလ်(လွိုင်ကော်) ဒု- ပါမောက္ခချုပ် ဒေါက်တာခိုင်ဇော်နိုင်နှင့် ကွန်ပျူတာတက္ကသိုလ်(လွိုင်ကော်) ဒု-ပါမောက္ခချုပ် ဒေါက်တာသင်းသင်းထွေးတို့က နိုဝင်ဘာ ၂၁ ရက်နေ့တွင် ကျောင်းများပြန်လည်ဖွင့်လှစ်မည်ဖြစ်၍ အသင့်ဖြစ်စေရန်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့သည်။

အလားတူ လွိုင်ကော်ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်ချယ်ရီထွန်းမှ အောက်တိုဘာ ၁၅ ရက်တွင် ကျောင်းပြန်ဖွင့်မည်ဖြစ်၍ သင်တန်းသားများရောက်ရှိမှု၊ ကြိုတင်ပြင်ဆင်ထားရှိမှု၊ အစိုးရစက်မှုလက်မှုသိပ္ပံ ကျောင်းအုပ်ကြီးဦးဆန်းလင်းဗိုလ်က ကျောင်းပြန်လည်ဖွင့်လှစ်မည့်အခြေအနေနှင့် ကြိုတင်ပြင်ဆင်ထားမှုများကို ရှင်းလင်းတင်ပြခဲ့ကြသည်။

ပြည်နယ်ဝန်ကြီးချုပ်သည် ပြန်လည်တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများအတွက် ပြည်နယ်အစိုးရအဖွဲ့ကထောက်ပံ့သည့် ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်၊ ကော်ဖီမစ်များကိုပေးအပ်ခဲ့ကြောင်း သိရသည်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင် လက် နက်ကိုင်အဖွဲ့ဝင်များ၏ အကြမ်းဖက်လုပ်ရပ်များကြောင့်ပျက်စီးခဲ့ရသည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်များအား ပြန်လည်ပြင်ဆင်မှုများနှင့်အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးတို့အတွက် ပြည်နယ်အစိုးရအဖွဲ့မှဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here