Thursday, March 13, 2025

နိုင်ငံတော်မှဖြည့်ဆည်းဆောင်ရွက်ပေးနေသည့် ဒေသအလိုက် မွေးမြူရေးဇုန်များကို အောင်မြင်အောင်ဆောင်ရွက်ရမည်

နိုင်ငံတော်မှဖြည့်ဆည်းဆောင်ရွက်ပေးနေသည့် ဒေသအလိုက် မွေးမြူရေးဇုန်များကို အောင်မြင်အောင်ဆောင်ရွက်ရမည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မတ် ၁၂ ရက်နံနက်ပိုင်းက တပ်ကုန်းမြို့နယ်၊...

စက်မှုလယ်ယာစနစ်ကျလယ်မြေဖော်ထုတ်ခြင်းသည် နိုင်ငံတော်အတွက်အကျိုးရှိသော လုပ်ငန်းတစ်ခုဖြစ်ဟု နစက...

စက်မှုလယ်ယာစနစ်ကျလယ်မြေဖော်ထုတ်ခြင်းသည် အရင်းအနှီးကြီးမားသည့်လုပ်ငန်းရပ်တစ်ခုဖြစ်သော်လည်း အကျိုးအမြတ်များပြီး တစ်ဦးချင်းစီနှင့် နိုင်ငံတော်အတွက်အကျိုးရှိသော လုပ်ငန်းတစ်ခုဖြစ်သည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ၎င်းမှ ယနေ့ မတ်...

ကိုရီးယားစစ်တပ်၏ စစ်ရေးလေ့ကျင့်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သည့် မြန်မာနိုင်ငံသား၏...

ကိုရီးယားစစ်တပ်၏ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက စစ်ရေးလေ့ကျင့်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သည့် မြန်မာနိုင်ငံသား၏ အကျိုးခံစားခွင့်များရရှိရေးအတွက် ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ကိုရီးယားစစ်တပ်၏ စစ်ရေးလေ့ကျင့်မှုအတွင်း မြန်မာနိုင်ငံသားဦးမြင့်ကြည်မှာ ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့်...

ပါကစ္စတန်တွင် ခရီးသည်တင် ရထားကို အပိုင်စီး

ပါကစ္စတန်နိုင်ငံ၏ မတည်ငြိမ်သော ဘလူချစ္စတန်ပြည်နယ်တွင် အင်္ဂါနေ့က ခရီးသည် ၄၀၀ ကျော် လိုက်ပါလာသည့် ရထားတစ်စီးကို လက်နက်ကိုင် သူပုန်များက အပိုင်စီးခဲ့ပြီးနောက် ခရီးသည်...
HomeNewsLocal Newsရေဘေးကြောင့်ပျက်စီးခဲ့ရမှုများကို ပြန်လည်ပြုပြင်ခြင်းအား ၂၀၂၅...

ရေဘေးကြောင့်ပျက်စီးခဲ့ရမှုများကို ပြန်လည်ပြုပြင်ခြင်းအား ၂၀၂၅ ခုနှစ်၊ မတ်လမတိုင်မီ ပြီးစီးအောင်ဆောင်ရွက်လျက်ရှိ

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက မိုးသည်းထန်စွာရွာသွန်းပြီးရေကြီးရေလျှံမှုဖြစ်ပွားချိန်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနပိုင် ပျက်စီးဆုံးရှုံးခဲ့သည့် ဓာတ်အားပေးစက်ရုံများ၊ ဓာတ်အားခွဲရုံများ၊ ဓာတ်အားလိုင်းများ၊ နေအိမ်အဆောက်အဦများကို ပြန်လည်ပြုပြင်ခြင်းအား ၂၀၂၅ ခုနှစ်၊ မတ်လမတိုင်မီပြီးစီးရန် ဌာနဝန်ထမ်းများကဆောင်ရွက်လျက်ရှိသည်ဟု ပြည်ထောင်စုဝန်ကြီးဦးဥာဏ်ထွန်းက ပြောကြားခဲ့သည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေသော ရေဘေးသင့်ဝန်ထမ်းများအား အောက်တိုဘာ ၁၁ ရက်က ထောက်ပံ့ငွေပေးအပ်ပွဲပြုလုပ်စဉ်တွင် ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ရေကြီးရေလျှံမှုကြောင့် လျှပ်စစ်ဓာတ်အားလိုင်း၊ တာဝါတိုင်များပြိုလဲခြင်း၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခြင်း၊ ဝန်ကြီးဌာနပိုင်စက်ရုံအချို့ အကြီးစားပျက်စီးဆုံးရှုံးခြင်း၊ ဓာတ်အားပေးစက်ရုံများအတွင်းရေဝင်ရောက်လျက်ရှိ၍ ပျက်စီးမှုများဖြစ်ပေါ်ခြင်း၊ စက်ရုံချဥ်းကပ်လမ်းများပျက်စီးခြင်း၊ ဝန်ထမ်းအိမ်ယာများပျက်စီးခြင်း၊ ရေထုတ်မြောင်းကျောက်စီနံရံများပျက်စီးခြင်း၊ စက်ရုံအတွင်းဓာတ်အားလိုင်းများ ပျက်စီးခြင်းတို့ဖြစ်ပေါ်ခဲ့သည်ဟု ဆိုသည်။

“ရေဝင်ရောက်ခဲ့လို့ ဝန်ထမ်းမိသားစုတွေရဲ့ နေ အိမ်၊ အဆောက်အဦတွေနဲ့ တခြားပစ္စည်းတွေထိခိုက်ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ အဲဒီထဲက အလုံးစုံပျက်စီးဆုံးရှုံးခဲ့တဲ့ ဝန်ထမ်း(၂၂)ယောက်၊ တစ်စိတ်တစ်ပိုင်းနဲ့ အနည်းငယ်ပျက်စီးဆုံးရှုံးခဲ့တဲ့ ဝန်ထမ်း(၁၅၃)ယောက် (စုစုပေါင်း ၁၇၅)ယောက်ရှိခဲ့ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးဦးဥာဏ်ထွန်းကပြောသည်။

ထိုဝန်ထမ်းများကို ငွေကြေး၊ အဝတ်အထည်၊ အိမ်သုံးပစ္စည်း၊ မီးဖိုချောင်သုံးပစ္စည်း၊ သောက်ရေသန့်နှင့် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးခဲ့ပြီး ယခုတွင်လည်း ထောက်ပံ့ငွေများထပ်မံပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်မှဖြည့်ဆည်းဆောင်ရွက်ပေးနေသည့် ဒေသအလိုက် မွေးမြူရေးဇုန်များကို အောင်မြင်အောင်ဆောင်ရွက်ရမည်

နိုင်ငံတော်မှဖြည့်ဆည်းဆောင်ရွက်ပေးနေသည့် ဒေသအလိုက် မွေးမြူရေးဇုန်များကို အောင်မြင်အောင်ဆောင်ရွက်ရမည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မတ် ၁၂ ရက်နံနက်ပိုင်းက တပ်ကုန်းမြို့နယ်၊ ကံကြီးကျေးရွာရှိ ကံကြီးမွေးမြူရေးဇုန်အားကြည့်ရှုစစ်ဆေးစဥ် တာဝန်ရှိသူများအား မှာကြားခဲ့ခြင်းဖြစ်သည်။ ဒေသအလိုက် အသား၊ ငါး၊ ဥအမျိုးမျိုးနှင့် ဟင်း သီးဟင်းရွက်များဖူလုံစေရန် နိုင်ငံအတွင်း စိုက် ပျိုးမွေးမြူရေးဇုန်များကို ဒေသအလိုက် အ ကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဒေသ တွင်းစားသုံးမှုဖူလုံရေးကို ကနဦး ဦးစားပေးဆောင်ရွက်ရမည်ဖြစ်ပြီး ထိုမှတစ်ဆင့် ပြည် တွင်းစားသုံးမှုဖူလုံရေးကိုဆောင်ရွက်ရမည်ဟု မှာကြားသည်။ " ပြည်တွင်းစားသုံးမှုဖူလုံရေးကို ဆောင်ရွက်ပြီးရင် ပြည်ပကိုတင်ပို့နိုင်ဖို့ဆက်လက်ဆောင်ရွက်ရပါမယ်။...

စက်မှုလယ်ယာစနစ်ကျလယ်မြေဖော်ထုတ်ခြင်းသည် နိုင်ငံတော်အတွက်အကျိုးရှိသော လုပ်ငန်းတစ်ခုဖြစ်ဟု နစက ဥက္ကဋ္ဌပြော

စက်မှုလယ်ယာစနစ်ကျလယ်မြေဖော်ထုတ်ခြင်းသည် အရင်းအနှီးကြီးမားသည့်လုပ်ငန်းရပ်တစ်ခုဖြစ်သော်လည်း အကျိုးအမြတ်များပြီး တစ်ဦးချင်းစီနှင့် နိုင်ငံတော်အတွက်အကျိုးရှိသော လုပ်ငန်းတစ်ခုဖြစ်သည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ၎င်းမှ ယနေ့ မတ် ၁၂ ရက်နံနက်ပိုင်းက နေပြည် တော်၊ ဇေယျာသီရိမြို့နယ်နှင့် တပ်ကုန်းမြို့နယ်တို့ရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးစဥ် တာဝန်ရှိသူများအား ပြောကြားခဲ့ခြင်းဖြစ်သည်။ စက်မှုလယ်ယာစနစ်ကျလယ်မြေဖော်ထုတ်ခြင်း လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ဆောင်ရွက်ရမည်ဖြစ်ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်လည်း ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ပြီး တောင်သူများကိုလည်း စက်မှုလယ်ယာစနစ်ကျလယ်မြေဖော်ထုတ်ခြင်း၏ အကျိုးကျေးဇူးများကို အသိပညာပေးဆောင်ရွက်ရမည်ဟု မှာကြားသည်။ “အစကောင်းမှ အနှောင်းသေချာမည် ဆိုသလို စိုက်ပျိုးမြေတွေကို စနစ်တကျဖြစ်စေဖို့ စက်မှု လယ်ယာစနစ်ကျလယ်မြေဖော်ထုတ်ခြင်းနဲ့ စက် ယန္တရားတွေသုံးပြီး...

ကိုရီးယားစစ်တပ်၏ စစ်ရေးလေ့ကျင့်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သည့် မြန်မာနိုင်ငံသား၏ အကျိုးခံစားခွင့်များရရှိရေးအတွက် ဆောင်ရွက်ပေးနေ

ကိုရီးယားစစ်တပ်၏ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက စစ်ရေးလေ့ကျင့်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သည့် မြန်မာနိုင်ငံသား၏ အကျိုးခံစားခွင့်များရရှိရေးအတွက် ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ကိုရီးယားစစ်တပ်၏ စစ်ရေးလေ့ကျင့်မှုအတွင်း မြန်မာနိုင်ငံသားဦးမြင့်ကြည်မှာ ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် ဂယောင်းဂီပြည်နယ်၊ ဆောင်းနမ်မြို့နယ်ရှိ တပ်မတော်ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။ ထိုသို့ ဆေးကုသမှုခံယူနေရသည့် ဦးမြင့်ကြည်အား ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ သံ အမတ်ကြီးဦးသန့်စင်မှ မတ် ၁၂ ရက်က သွား ရောက်တွေ့ဆုံ၍ ထိခိုက်ဒဏ်ရာရရှိမှုနှင့် ဆေးကုသမှုခံယူနေမှုတို့အားမေးမြန်း၍ စားသောက်ဖွယ်ရာများပေးအပ်ကာ အားပေးစကားပြောကြားပြီး လိုအပ်သည့်ကူညီမှုများပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် သံအမတ်ကြီးသည် တပ်မတော်ဆေးရုံ၌ ကိုရီးယားလေကြောင်းတပ်ဖွဲ့ဌာနချုပ်မှ ဗိုလ်မှူးကြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071