မန္တလေးတိုင်းရှိ မြို့နယ်နှစ်ခုတွင် ပစ်ခတ်မှုများဖြစ်ပွား ယာဥ်ထိန်းတစ်ဦးအပါအဝင် (၃) ဦးဒဏ်ရာရ

0
44

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ယနေ့ အောက်တိုဘာ ၁၃ ရက်နေ့လည် ၃ နာရီ ၅၀ မိနစ်ခန့်နှင့် အမရပူရမြို့နယ်တွင် မွန်းလွဲ ၂ နာရီ ၁၅ မိ နစ်ခန့်တို့က ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။

ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ်ကွက်၊ ၆၂ လမ်း၊ ၁၂၄ လမ်းနှင့် ၁၂၅ လမ်းကြားတွင် CZI ဆိုင်ကယ်စီးလာသူက ယာဥ်စစ်ဆေးမှုများပြုလုပ်နေသည့် ယာဥ်ထိန်းအဖွဲ့အား ‌ေ-သနတ်ဖြင့်ပစ်ခတ်ပြီးနောက် မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ယာဥ်ထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာ(စိုးရိမ်ရ)ရရှိခဲ့သဖြင့် တာဝန်ရှိသူများက ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြသည်။

ထို့အတူ အမပူရမြို့နယ်၊ မြစ်ငယ်မြို့မအုပ်စု၊ အောင်သပြေရပ်ကွက်ရှိ အရက်ဆိုင်တစ်ဆိုင်သို့ ဆိုင်ကယ်မောင်းလာသည့် အမျိုးသားနှစ်ဦးရောက်ရှိလာကာ အရက်သောက်နေသည့် ဦးဌေးလှိုင်ထွန်း(၄၀)နှစ်နှင့် ကိုမင်းအောင်(၃၉)နှစ်တို့အား ‌ေ-သနတ်ဖြင့်ပစ်ခတ်ကာ မောင်းနှင်ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။

ပစ်ခတ်ခံရမှုကြောင့် ဦးဌေးလှိုင်ထွန်းနှင့် ကိုမင်းအောင်တို့တွင် ကျည်ဖောက်ဝင်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ဖြစ်စဥ်များမှ ပြစ်မှုကျူးလွန်သူများအား ဖမ်း ဆီးရမိရေးနှင့်ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here