အကြမ်းဖက်မှုများရပ်တန့်ရန် အာဆီယံနိုင်ငံများဝိုင်းဝန်းကူညီရန်လို–လောရင့်စ်

0
12
Attendees take part in the 19th East Asia Summit during the 44th and 45th Association of Southeast Asian Nations (ASEAN) Summits in Vientiane on October 11, 2024. (Photo by NHAC NGUYEN / AFP)

ဗီယန်ကျင်း၊အောက်တိုဘာ ၁၃

လာအိုနိုင်ငံ ဗီယန်ကျင်းမြို့၌ပြုလုပ်ကျင်းပခဲ့သည့် အရှေ့အာရှထိပ်သီးအစည်းအဝေးတွင် စင်္ကာပူဝန်ကြီးချုပ်လော်ရန့်စ်ဝေါင်းက အမေရိကနှင့်တရုတ်အပါအဝင် အာဆီယံမိတ်ဖက်နိုင်ငံများအနေဖြင့် မြန်မာ့အရေးကိုဝိုင်းဝန်း၍ အ‌ေလးထားကာ ဖြေရှင်းပေးရန်တောင်းဆိုခဲ့ကြောင်းသိရသည်။

မြန်မာနိုင်ငံအတွင်း၌ အကြမ်းဖက်မှုများရပ်တန့်ရန်၊လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးပို့ရန်အပါအဝင် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အမေရိကနှင့်တရုတ်တို့၏ ဩဇာလွှမ်းမိုးနိုင်မှုကို အသုံးပြုပေးရန်လည်း တောင်းဆိုခဲ့ကြောင်းသိရသည်။

“အာဆီယံဒေသတွင်းအရေးဖြစ်လို့ အာဆီယံကဖြေရှင်းရမှာမှန်ပေမဲ့ ပြင်ပမိတ်ဖက်တွေရဲ့ အကူအညီလည်းလိုအပ်ပါတယ်” ဟုမစ္စတာဝေါင်းကပြောကြားခဲ့သည်။

အာဆီယံပြင်ပမိတ်ဖက်များ၏ ပံ့ပိုးကူညီမှုသည် မြန်မာ့အရေးအတွက်သာမက အာဆီယံ၏ ဒေသတွင်းပြဿနာများဖြေရှင်းရေးအတွက် အရေးကြီးသောအရာတစ်ခုဖြစ်သည်ဟုလည်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

အရှေ့အာရှထိပ်သီးအစည်းအဝေးတွင် အာဆီယံအဖွဲ့ဝင်ဆယ်နိုင်ငံသာမက ၎င်းတို့၏မိတ်ဖက်နိုင်ငံများဖြစ်သည့် ဩစတြေးလျ၊တရုတ်၊အိန္ဒိယ၊ဂျပန်၊ နူးဇီလန်၊ရုရှား၊တောင်ကိုရီးယားနှင့်အမေရိကတို့လည်း ပါဝင်ဆွေးနွေးခဲ့ကြသည်ဟုသိရသည်။

Source : သည်စထရိတ်တိုင်းမ်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here