ဗီယက်နမ်နှင့်တရုတ်တို့သည် QR ကုဒ်ဖြင့်ငွေပေးချေမှုအပါအဝင် သဘောတူညီချက်များလက်မှတ်ရေးထိုးခဲ့ကြ

0
7

ဟနွိုင်း၊အောက်တိုဘာ ၁၃

တရုတ်နှင့်ဗီယက်နမ်တို့သည် တရုတ်ဝန်ကြီးချုပ်၏ သုံးရက်တာခရီးစဉ်အတွင်း နှစ်နိုင်ငံဆက်ဆံရေးကိုမြှင့်တင်ရန်ကြိုးပမ်းသည့်အနေဖြင့် စိုက်ပျိုးရေး၌ ပူးပေါင်းဆောင်ရွက်မှုများအပါအဝင် နယ်စပ်ဖြတ်ကျော် QR ကုဒ်ငွေပေးချေမှုများပါဝင်သည့် သဘောတူညီချက် ၁၀ ခုကိုလက်မှတ်ရေးထိုးခဲ့ကြကြောင်းသိရသည်။

တရုတ်နိုင်ငံသည် ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး ဗီယက်နမ်ကုန်ထုတ်လုပ်မှုကဏ္ဍအတွက် အရေးပါသောသွင်းကုန်အရင်းအမြစ်တစ်ခုဖြစ်ကာ ယခုနှစ်ပထမသုံးလအတွက် နှစ်နိုင်ငံကုန်သွယ်မှုသည် ယမန်နှစ်အလားတူကာလ၏ပမာဏ အမေရိကန်ဒေါ်လာ ၁၄၈ ဘီလျံထက် ၂၁ ရာခိုင်နှုန်းခုန်တက်သွားခဲ့သည်ဟုလည်းသိရသည်။

လက်မှတ်ရေးထိုးပွဲအတွင်း နှစ်နိုင်ငံခေါင်းဆောင်များသည် နှစ်နိုင်ငံအကြား စီးပွားရေးအရဆက်ဆံမှုနှင့် လယ်ယာထွက်ကုန်ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ရန်လည်း သဘောတူညီခဲ့ကြသေးကြောင်းသိရသည်။

ဗီယက်နမ်ဝန်ကြီးချုပ်ကမူ တရုတ်နိုင်ငံအနေဖြင့် ဗီယက်နမ်နှင့်စိုက်ပျိုးရေးဆိုင်ရာကုန်သွယ်မှုမြှင့်တင်ရန်၊ ဗီယက်နမ်လယ်ယာထွက်ကုန်များအတွက် လမ်းဖွင့်ပေးပြီး နယ်စပ်များတွင် အကောက်ခွန်ကင်းလွတ်ခွင့်တိုးမြှင့်ပေးရန်တရုတ်နိုင်ငံအားတောင်းဆိုခဲ့သည်ဟုလည်းသိရသည်။

Source : နစ်ကေးအေးရှား


LEAVE A REPLY

Please enter your comment!
Please enter your name here